အခန်း ၃၄

937 188 4
                                    

Heavenly Wife

Unicode

အခန်း ၃၄ : ဒေါသ = ရှက်ခြင်းရဲ့အကာအကွယ်

အမှန်တော့ ဒီလိုခမ်းနားတဲ့ဝတ်စုံကို ဝတ်ဆင်ထားသည့် ပန်ယွိက ပိုမိုဆွဲဆောင်မှုရှိတာမှန်သော်လည်း ဖုန်းယန်ကတော့ အဲ့ဒါကို ဝန်ခံမှာမဟုတ်ပေ။

သို့သော် ကျီယွိချန်အတွက်မူ 'ဝတ်စားဆင်ယင်ထားသည့်'ပန်ယွိရဲ့ ရုတ်တရက်အသွင်အပြင်က သူ့ကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်! 

ပြီးတော့ သူတို့နှစ်ယောက်က ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဒီလောက်ရင်းနှီးနေရတာလဲ။

သူ့ရှေ့ကလူကလည်း အထက်တန်းကျောင်းသားတစ်ယောက်က သူစိမ်းတစ်ယောက်ကို စကားပြောဆိုပုံနဲ့ လုံးဝတူမနေဘူး!

ပြီးတော့ သူ့ဦးငယ်ကလည်း နည်းနည်းလေး...

ကျီယွိချန်က ဖုန်းယန်ရဲ့ပါးစပ်မှ ထွက်လာတဲ့ စကားလုံးတွေက အေးစက်သည့် မျက်နှာဖြင့် ​တွဲလိုက်သည့်အခါ အနည်းငယ် ဖလစ်တက်တက်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

သူ့ဦးငယ်အပေါ် တခြားရည်ရွယ်ချက်တွေ ရှိနေတာများလား။

ရုတ်တရက် ကျီယွိချန်က ဖုန်းယန်ကို နေရာမှာပဲ သတိပေးလိုက်ချင်သည့်ဆန္ဒကို ခံစားလိုက်ရသည်။ ဒါပေမယ့် လက်ရှိတွင် ကျောင်းဝင်းထဲ၌ ကျောင်းသားတွေ ပြည့်နေသဖြင့် သူ မလုပ်နိုင်တော့ပေ။

လောလောဆယ်တော့ သူ ဒါကို အောင့်ထားရမယ်။ စိုးရိမ်စရာပဲ!

"ဦးငယ် ကျွန်တော်တို့ ဘယ်သွားမလို့လဲ" 

ကျီယွိချန်က မနေနိုင်တော့ဘဲ ကျယ်လောင်စွာ မေးလိုက်သည်။

ပန်ယွိကျောင်းမှာရှိနေခြင်းက သူ့ဦးငယ်သည် နေမကောင်းရာမှ ပြန်ကောင်းသွားပြီဖြစ်ကြောင်း သက်သေပြနေခဲ့တာ မဟုတ်ပါက သူ့မိသားစုက ဘယ်နေရာကိုမှ သွားလို့မရအောင် တားဆီးထားမှာပင်။

ဒါပေမယ့် သူ့ဦးငယ်က နည်းနည်းထူးဆန်းနေတယ်လို့ သူ ဘာလို့ထင်နေရသေးတာပါလိမ့်။

ဒါ့အပြင် သူက တူလေ!

သူ့ဦးငယ်က ဒီကောင်လေးနဲ့ကျ ဘေးချင်းကပ် လမ်းလျှောက်ပြီး သူ့ကိုကျ ဘာလို့ နောက်မှာ အဝေးကြီး ချန်ထားခဲ့ရတာလဲ။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now