အခန်း ၁၂

1K 237 2
                                    

Heavenly Wife

Unicode

အခန်း ၁၂: ဘာခန်းဝင်ပစ္စည်းလဲ

"မင်းသားလေး ဘာတွေဖြစ်ကုန်တာလဲ" ဟွားချန်နှင့် ဖုန်းယန်တို့က ရေပူစမ်းနှင့်ဝေးဝေးမှာ ရောက်နေပြီ ဖြစ်သည်။ အနီးနားတွင် ဘယ်သူမှ မရှိတာကို တွေ့တော့ ဆက်ပြောလိုက်သည်။ 
"ပန်ယွိက လူသားဖြစ်ပုံမပေါ်ဘူး"

"လူသားမဟုတ်တာတော့ သေချာတယ်။ ဒါပေမယ့် သူ အခု ဘယ်လိုကောင်ဖြစ်နေတာလဲတော့ ငါလည်း သေချာမသိဘူး"
ဖုန်းယန်က ပြောလိုက်သည်။ 
"သူ့ကိုယ်သူ နဂါးလို့ အမြဲပြောနေပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ နဂါးစွမ်းအင်မရှိဘူး"

ဝိညာဉ်စွမ်းအင်တွေ အများကြီးသုံးခဲ့တာတောင် ပန်ယွိကို ဘယ်လိုမှ မကိုင်တွယ်နိုင်ခဲ့တာကို တွေးမိတော့ ဖုန်းယန်က တကယ်ကို ဒေါသထွက်သွားသည်။ ပန်ယွိက စိတ်ကျန်းမာရေးချို့တဲ့သည့် ရောဂါဝေဒနာကို ခံစားနေရတာလေ။ ပုံမှန်ဆိုရင် ဖုန်းယန်က အဲ့လိုလူနာကို ထိခိုက်အောင် ပြုလုပ်ဖို့ နှလုံးသားမရှိသော်လည်း ယခုအခြေအနေတွင် သူ ပန်ယွိကို တိုက်ခိုက်ခဲ့သည့်တိုင် အလုပ်မဖြစ်ခဲ့ပေ! အဲဒီ့နောက်မှာတော့ ပန်ယွိက သူ့ကို ဒီသေမျိုးကမ္ဘာတွင် နှိပ်စက်ဖို့ ကောင်းကင်ဘုံက စေလွှတ်ခဲ့တဲ့ လူများလားလို့တောင် တွေးမိနေသည်။ သူနဲ့တွေ့တိုင်း ကံဆိုးမှုတွေ ကြုံနေရသည်။

သူတို့ ပထမဆုံးတွေ့ဖူးတဲ့ အကြိမ်တွင် သူ့ကို လမ်းသွားလမ်းလာတွေ ကြည့်ပြီး လှောင်ရယ်တာ ခံလိုက်ရသည်။ ဒုတိယအကြိမ်တွင် ရယ်ခံရရုံသာမက ဆံပင်အလကားညှပ်ခွင့်လည်း ဆုံးရှုံးသွားခဲ့သည်။ တတိယအကြိမ်တွင် ပိုတောင် ဆိုးဝါးသောင်းကျန်းသွားခဲ့သည်။ သူ့ရဲ့ဝိညာဥ်စွမ်းအင်ကို စုပ်ယူပြီးနောက် ပန်ယွိက ဘာမှမပြောလာခဲ့ပေ။ အဲဒီ့အစား ဖုန်းယန် ဝတ်ထားတဲ့တစ်ခုတည်းသော အင်္ကျီလက်ရှည်ကို အဝတ်စုတ်အဖြစ် စုတ်ဖြဲပစ်လိုက်သည်! အိုး သေစမ်းကွာ!

အေးမြသည့်လေက သူ့ရဲ့ပါးလွှာပြီး စုတ်ပြဲနေတဲ့ အဝတ်တွေကို ဖြတ်၍ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရာ ဖုန်းယန်က အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင် မဖြစ်ဘဲ မနေနိုင်တော့ပေ။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now