အခန်း ၃၀

1K 223 1
                                    

Heavenly Wife

Unicode

အခန်း ၃၀ : သုံးမွှာရွှေရောင်အကြေးခွံ

ဖုန်းယန်တောင် လွတ်လွတ်လပ်လပ် အသုံးမပြုနိုင်သေးတဲ့ ရှန့်ကျွယ်မြက်ပင်အတွင်းမှ ဝိညာဉ်စွမ်းအင်အစုလိုက်က နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့တဲ့ သူတို့ရဲ့သခင်ကို တွေ့ရှိသွားပုံရသကဲ့သို့ တံခါးဆီသို့ ပြေးသွားကာ သူတို့ရဲ့သခင်ရှိရာဆီသို့ ဦးတည်သွားနေကြသည်။ ဖုန်းယန်က ဒါကို တားချင်ပေမယ့် တားလို့ မရပေ။ သူတို့ ဘယ်သွားနေတာလဲဆိုတာကြည့်ဖို့ နောက်မှ အမြန်လိုက်သွားပေမယ့် အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်နှင့် ထိုနေရာတွင် ဘာမှမရှိတော့ပေ။ ဝိညာဉ်စွမ်းအင်စီးကြောင်းက ဓားဖြင့် ဖြတ်ခံလိုက်ရသလိုပင်။ တံခါးဝသို့ရောက်တဲ့အခါ လုံးဝရပ်တန့်သွားပုံရပြီး နောက်တွင် ဝိညာဥ်စွမ်းအင်ရဲ့ ကျယ်ပြန့်သည့် အပိုင်းတစ်ခုသာ ကျန်ခဲ့တော့သည်။

ဖုန်းယန်က အပေါ်ထပ်နှင့် အောက်ထပ်ကို ကြည့်လိုက်သော်လည်း ဘာမှထူးထူးခြားခြား မတွေ့ရပေ။ ကျန်နေတဲ့ ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူလိုက်ပြီး သူ့အခန်းထဲ ပြန်ဝင်သွားခဲ့သည်။

သေမျိုးကမ္ဘာတွင် သူတွေ့ဖူးသမျှလူတွေထဲမှာ ပန်ယွိကသာ ကွဲပြားသည်။ သူက ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်သည့် တစ်ဦးတည်းသော သူဖြစ်သည်။

ပန်ယွိများလား။

ဖုန်းယန်က ပန်ယွိဆီ စာတစ်စောင် အမြန်ပို့လိုက်သည် : မင်းဘယ်မှာလဲ

ပန်ယွိက ချက်ချင်းပြန်ဖြေလာသည် : ကိုယ် စူပါမားကတ်မှာလေ။ ပေါင်ပေ့ မင်း ကိုယ့်ကိုလွမ်းလို့လား။

ဖုန်းယန် : ငါ အခုမှ နေရာသစ်ကို ပြောင်းလာရလို့ မျက်နှာသုတ်ပုဝါ ဝယ်ချင်နေတာ။ အဲဒီမှာရှိလား။ ဗီဒီယိုကနေတစ်ဆင့် ပြပေးလို့ရမလား။

နောက်တစ်စက္ကန့်တွင် ပန်ယွိက သူ့ဆီ ဖုန်းဆက်လာပြီး အပြုံးတွေနဲ့ပြည့်နေတဲ့ သူ့ရဲ့ချောမောတဲ့မျက်နှာက ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့သည်။

"ပေါင်ပေ့ ကိုယ်အရင်ကပြောခဲ့သလိုပဲ ကိုယ်ပိုင်သမျှကို မင်း ပိုင်တယ်လေ။ ဝယ်ချင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now