အခန်း ၃၈

767 142 2
                                    

Heavenly Wife

Unicode

အခန်း ၃၈ : အတူတူတဲ့လား

ဖုန်းယန် သေမျိုးကမ္ဘာ​ပေါ်သို့ ဆင်းသက်လာသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ရွမ်ပင်းအကျဉ်းထောင်နှင့် သေမျိုးကမ္ဘာ နှစ်ခုစလုံးမှ အချိန်ကာလစီးဆင်းမှုသည် မသေမျိုးနယ်ပယ်နှင့် ကွဲခြားသည်။

ဖုန်းထိုင်တောင်ရှိ လူတွေအတွက်တော့ နေ့တစ်ဝက်တောင် မကြာသေးပေ။သို့သော်လည်း ထိုကာလလေးတွင် ဘုရင်ကြီး၏ မိသားစုဝင်တွေကို ဘယ်သူမှ မတွေ့မိခဲ့ကြပေ။

ဖုန်းထိုင်တောင်တစ်ခုလုံးနှင့် ၎င်း၏အနီးတစ်ဝိုက်တွင် ဘုရင်၊ ဘုရင်၏ဇနီး သို့မဟုတ် ဒုတိယမင်းသား ဘယ်သူ့ကိုမှ ရှာမတွေ့တာကြောင့် ၎င်းက ပုံမှန်မဟုတ်ပေ။

ဘိုးဘေးလေးပါးရဲ့ အကြီးအကဲဖြစ်သူ ဘိုးဘေးထိုက်လီက ကျယ်လောင်စွာပြောလိုက်သည်။  

"ဒီနေ့ အကြီးဆုံးမင်းသားလေးရဲ့ အပြစ်ဒဏ်ကို ငါတို့နဲ့အတူ ဆွေးနွေးမယ်လို့ မနေ့က နေ့လည်ကပဲ ဘုရင်ကြီးက မိန့်ကြားခဲ့တယ်။ ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။ ဘုရင်ကြီးက အကြီးဆုံး မင်းသားဆီ သွားတာများဖြစ်လောက်လား"

အခြားဘိုးဘေးတစ်ဦးမှ ဖုန်းယွီရန်ကို တစ်နှစ်ပတ်လုံး အမှုထမ်းရသည့် အစေခံအား မေးလိုက်သည်။ 

"ဖူထုံ ဘုရင်ကြီးကို ဘယ်အချိန်က နောက်ဆုံးတွေ့ခဲ့တာလဲ"

"လွန်ခဲ့တဲ့ ၁၂ နာရီလောက်ကပါ။ အဲ့အချိန်တုန်းက ဘုရင်ကြီးနဲ့ မိဖုရားအသစ်တို့က အတူရှိနေကြပြီး အကြီးဆုံးမင်းသားကို သွားတွေ့ကြမယ့်ပုံပါပဲ"

"ဒါဆို သူတို့ ရွမ်ပင်းအကျဉ်းထောင်ထဲကို ဝင်သွားတာဖြစ်နိုင်ခြေ များတယ်" 

ဘိုးဘေးထိုက်လီက မျက်မှောင်ကြုတ်လိုက်ပြီး

 "ဖူတုံ ဘုရင်ကြီးက ရွမ်ပင်းထောင်ကို ဘယ်မှာထားလဲ မင်းသိသလား"

"ဟုတ်ကဲ့ ကြာပန်းခုနှစ်ပွင့်စင်မှာပါ"

ကြာပန်းခုနှစ်ပွင့်စင်သည် ဖုန်းယွီရန်၏ စာကြည့်ခန်းထဲရှိ ကြာပန်းပုံစံဖြင့် တည်ဆောက်ထားသည့်  ရင်းတိုက်ရတနာစင်တစ်ခုဖြစ်သည်။ အပွင့်တစ်ပွင့်စီက ခြေလှမ်းတွေကဲ့သို့ အောက်ခြေမှ အပေါ်သို့ တစ်လွှာပြီးတစ်လွှာ တက်နေကာ စုစုပေါင်းကြာပန်းခုနစ်ပွင့်ရှိသည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now