အခန်း ၁၅

1K 214 4
                                    

Heavenly Wife

Unicode

အခန်း ၁၅ : စူပါမားကတ်ပိုင်ရှင်

ပန်ယွိသည် သူ့စိတ်ထဲတွင် အရာအားလုံးကို အစီအစဉ်ချထားပြီးသားဖြစ်သည်။ သူ့မှာ တစ်လုံးကို တစ်ဂျင်းအလေးချိန်ရှိတဲ့ ပုလဲလုံးတစ်ရာရှိတာနဲ့ ဖုန်းယန်ဆီကိုသွားပြီး proposeလုပ်မှာ ဖြစ်သည်။ သူက ကမ္ဘာပေါ်တွင် အချစ်တတ်ဆုံးလူသား ဖြစ်ကြောင်း ဖုန်းယန်ကို သိစေချင်သည်။ သို့သော် လျှိုသာ့ချန်က လိပ်ဝန်ကြီးချုပ်ထက်ပင် အားကိုးလို့မရသူဖြစ်နေကြောင်း ဘယ်သူက သိမှာလဲ။

ဒီပုလဲအကွဲက ဘာကြီးလဲ။ ဒါ သေချာပေါက် လိမ်ညာမှုပဲလေ!

"ဘန်း!"

ပန်ယွိက ပုလဲမီးအိမ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး လက်ဖက်ရည်ဆိုင်မှ ရုတ်တရတ် ထွက်သွားခဲ့သည်။

လျိုသာ့ချန်က သူ့ကို ထပ်ပြီး ဒေါသမဆွရဲဘဲ နောက်မှ အမြန်လိုက်သွားခဲ့သည်။

လျိုသာ့ချန်ရဲ့ လုပ်ရပ်က သူ့ကို ရှာဖို့လုပ်နေတဲ့ ပန်ယွိကို နှောင့်နှေးစေတယ်ဆိုတာ ဖုန်းယန်က မသိခဲ့ပေ။ အရင်ကတော့ ပန်ယွိက သူ့ကိုရှာဖို့ ကျောင်းကို လာလောက်လားလို့ တွေးခဲ့ဖူးသည်။ သူလာခဲ့ရင် ပန်ယွိက သူ့မွေးနေ့အား မေးပြီး ဗိုလ်ချုပ်ဝမ်ရှန်းကို ပန်ယွိက ဘယ်လိုမျိုးစိတ်လဲဆိုတာ မြေအောက်ကမ္ဘာမှတ်တမ်းတွင် စစ်ဆေးကြည့်ခိုင်းမှာဖြစ်ပေမယ့် သူက ပေါ်မလာပေ။

ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးနောက် ဖုန်းယန်နှင့် ဟွားချန်တို့က သူတို့ တည်းခိုနိုင်တဲ့ ဟိုတယ်လေးကို ရှာဖွေခဲ့ကြပြီး တစ်ညတာအတွက် ယွမ်၄၀ကျသင့်ခဲ့သည်။ အခန်းထဲတွင် နှစ်ထပ်ကုတင်တစ်လုံးနဲ့ တီဗီအသေးတစ်လုံးကလွဲလို့ ဘာမှမရှိပေ။ သခင်နှင့် သူ၏အစေခံတို့က ထိုနေရာတွင် တစ်ညတာ တည်းခိုခဲ့ကာ ခြေထောက်တွေကို ဆန့်ထုတ်ရင်း နှစ်ယောက်လုံး သက်တောင့်သက်သာ အိပ်ပျော်သွားကြသည်။

နောက်တစ်နေ့တွင် ဖုန်းယန်က သူ့ရဲ့ကျောင်းဝတ်စုံအသစ်ကို ပြောင်းဝတ်ပြီး ကျောင်းကို စောစောသွားခဲ့သည်။ စမ်းသပ်ဖွံ့ဖြိုးဆဲကျောင်းရှိ ကျောင်းသားအများစုက နံနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးနောက် မနက်စာစားရန် ကန်တင်းသို့ သွားတတ်ကြသည်။ အရင်တုန်းကတော့ အစားအသောက်စရိတ်သက်သာဖို့အတွက် ရှောင်ဖုန်းယန်က ကျောင်းကန်တင်းထက် ကျောင်းမသွားခင် အိမ်မှာပဲ မနက်စာ စားတတ်သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now