အခန်း ၄၀

649 154 4
                                    

Heavenly Wife

Unicode

အခန်း ၄၀ : မူလကိုယ်ခန္ဓာနဲ့တွေ့ဆုံခြင်း

ပန်ယွိရဲ့ဆိုလိုရင်းအဓိပ္ပါယ်မှာ အလွန်ထင်ရှားသည်။ အနှစ်သုံးရာကျော် လူပျိုကြီးဖြစ်ပြီးနောက် ချစ်သူရှိလာတော့ သူ သည်းမခံနိုင်တော့ဘူး!

ဖုန်းယန်ကို သူ့မှာရှိသမျှ အရာအားလုံးနဲ့ အကောင်းဆုံး ဆက်ဆံချင်ပြီး ပိုအရေးကြီးတာက သူနဲ့ ပိုရင်းနှီးသည့် ဆက်ဆံရေးကို ပိုင်ဆိုင်ချင်သည်။

ဒါပေမယ့် အခုအချိန်တွင် ဖုန်းယန်ရဲ့ စိတ်ထဲမှာ ပျံ့လွင့်နေတဲ့ အတွေးကတော့- ဘယ်နဂါးကများ နှစ်ပေါင်း၃၀၀ကျော်အောင် singleအဖြစ် နေဖူးမှာလဲ။ အာ ဒါက ဖြစ်ရောဖြစ်နိုင်ပါ့မလား။

နဂါးများနှင့် ဖီးနစ်များသည် မသေမျိုးနယ်ပယ်ရှိ ထင်ရှားသော မျိုးနွယ်စုလေးစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သာမန်အချိန်များတွင် အချင်းချင်း များများစားစားပြောဆိုဆက်ဆံလေ့ မရှိကြသော်လည်း မျိုးနွယ်စုလေးစု၏ အကြီးအကဲခေါင်းဆောင်အဖြစ် နဂါးမျိုးနွယ်စုသည် မျိုးနွယ်စုတစ်ခုစီ၏ ပျမ်းမျှဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးရန်၊ အချို့မျိုးနွယ်စုများ၏ စည်းမျဉ်းအသစ်များကို ချမှတ်ရန် စသည်တို့ကို ဆွေးနွေးရန် ငါးနှစ်တစ်ကြိမ် သို့မဟုတ် ခြောက်နှစ်တစ်ကြိမ် မျိုးနွယ်စုစည်းဝေးပွဲတစ်ခုကို စီစဉ်ပေးမည်ဖြစ်သည်။

ရံဖန်ရံခါသာ စုရုံးခြင်းကြောင့် မျိုးနွယ်စုများသည် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် သိပ်မရှိကြသည့်အပြင် အခြားမျိုးနွယ်များမှ အဖွဲ့ဝင်အများစုနှင့်လည်း မရင်းနှီးခဲ့ကြပေ။ ထိုစည်းဝေးပွဲတွင် မျိုးနွယ်စုလေးခုမှ ဘုရင်များသည် ၎င်းတို့၏ မျိုးနွယ်စုရှိ အထူးချွန်ဆုံးအဖွဲ့ဝင်များကိုသာ ခေါ်ဆောင်လာကြမည် ဖြစ်သည်။

ဖုန်းယန်က ငယ်ရွယ်သေးသဖြင့် သူ့အမေနဲ့အတူ တစ်ကြိမ်သာ ပါဝင်ခဲ့ဖူးသည်။ ဒါပေမယ့် နောက်တစ်ကြိမ်စည်းဝေးပွဲစချိန်မှာတော့ သူ့အမေ မရှိတော့ပေ။ ဖုန်းယွီရန်က ဈေးပေါသော သားအမိနှစ်ယောက်ကိုသာ စည်းဝေးပွဲသို့ ခေါ်သွားတော့သည်။ ထို့ကြောင့် ဖုန်းယန်က မည်သည့်နဂါးနှင့်မျှ မရင်းနှီးခဲ့ပေ။ ဖုန်းရှီကမှ သူ့ထက် ပိုသိတဲ့သူ ဖြစ်နိုင်သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now