အခန်း ၃၅

966 185 0
                                    

Heavenly Wife

Unicode

အခန်း ၃၅ : ကြက်သားစားတဲ့ဂိမ်း

Rainbow Farmမတော်တဆမှုတွင် မေ့ချင်ယောင်ဆောင်ခြင်းကသာ ထိုအခြေအနေကြောင့် ဖြစ်ခဲ့ရတဲ့ ရှက်ရွံ့မှုကို ရှောင်ရှားရန် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပြီး ခြံမှပြန်ထွက်လာတာက အကောင်းဆုံး အကြောင်းပြချက်ဖြစ်မည်ဟု ပန်ယွိက အမှန်တကယ် တွေးခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဖုန်းယန်က သူ့ကို အဆိုးဆုံးပုံစံနဲ့ မြင်ဖူးပြီးသားမို့ ဘာကိစ္စပဲဖြစ်လာပါစေ သူ့ပုံရိပ်က အဲ့ထက် ပိုဆိုးလာနိုင်စရာ မရှိတော့ပေ။

သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီလို့ သရုပ်ဆောင်နေရင်း ဖုန်းယန်က သူ့အမူအကျင့် အပြောင်းအလဲတွေကို ဖြည်းဖြည်းချင်း ကျင့်သားရလာစေရန် ထိုအတိုင်း ကြံစည်ထားခဲ့သည်။

ဒါပေမယ့် တစ်ဖက်လူက အရင်က သူ့ရဲ့ 'မိုက်မဲတဲ့လုပ်ရပ်' အားလုံးကို ဒီလိုမျိုး အလွယ်တကူပြန်ဖော်လာနိုင်တယ်လို့ မဆိုလိုပေ။

ပန်ယွိရဲ့လက်က ဖုန်းယန်ရဲ့ခါးကို ဖိဆုပ်ထားပြီး အောက်ဆီဂျင်ပြတ်ကာ နှစ်ယောက်စလုံး အသက်ရှူမဝတော့သည့်အထိ နက်ရှိုင်းစွာ နမ်းနေခဲ့ပြီး အက်ကွဲနေတဲ့အသံဖြင့် ပြောလိုက်သည်။

"အနာဂတ်မှာ မင်းကိုယ့်အတိတ်ကို ထပ်ပြီး ပြောရဲရင် ကိုယ် မင်းကိုအပြစ်ပေးရလိမ့်မယ်"

ထို့နောက် သူက ဖုန်းယန်ရဲ့နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ရာ   ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းက ထပ်ပြီးမြည်းစမ်းချင်လောက်အောင် စွဲမက်ဖွယ်ကောင်းစွာ နီရဲစိုစွတ်လာခဲ့သည်။

"ဟမ့် ဘယ်တုန်းကဟာလဲ။ အဘွားကြီးအုပ်စုနဲ့တွေ့ပြီး ပင့်ကူဝိညာဥ်တွေလို့ ထင်ခဲ့တုန်းကဟာလား။ ဒါမှမဟုတ် သစ်ကိုင်းတစ်ကိုင်းကို ကိုင်ပြီး သူတို့ရဲ့ဂူကို ဖျက်စီးဖို့အတွက် ပင့်ကူမျှင်တွေကို ဖယ်ရှားဖို့ လုပ်ခဲ့တဲ့ညကဟာလား"

ဖုန်းယန်က ရုတ်ရက်ထွက်ပြေးပြီး ပန်ယွိရဲ့ရင်ခွင်ထဲမှ လွတ်မြောက်သွားခဲ့သည်။သူက ရေချိုးခန်းဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။ 

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now