အခန်း ၄.၂

1.2K 216 4
                                    

Heavenly Wife

Unicode

အခန်း ၄.၂: ဘယ်သူကဘော့စ်လဲ

သူတို့က ကျောင်းဝင်းထဲမှာ ရှိနေတုန်းဖြစ်သည်။ ချီဇယ်နှင့် ကျန်းချင်ကျဲတို့က ဒီနေ့လို ကျောင်းဝင်းထဲ ရှိနေတုန်းဆိုရင် ပွင့်ပွင့်လင်းလင်း ရန်ဖြစ်လေ့မရှိကြပေ။

ဖုန်းယန်က ဖြစ်လာမယ့် အကျိုးဆက်တွေကို မကြောက်ဘူးလား။

သူတို့နှစ်ဦးက သူတို့ရဲ့ အရှုပ်ထုပ်တွေကို ရှင်းထုတ်ရန်အတွက် ကျောင်းဘုတ်အဖွဲ့ဝင်တွေနှင့် ရင်းနှီးသည့် ချီဇယ်ရဲ့ အဒေါ်အကြီးဆုံးကို အားကိုးခဲ့ကြသည်။ ဒါပေမယ့် ဖုန်းယန်ကရော ဘယ်လိုလုပ်မှာလဲ။ သူ ဘယ်သူ့ကို အားကိုးမှာလဲ။ ခဏလောက်တော့ ကျန်းချင်ကျဲက ဖုန်းယန် ဒီနေ့ သူတို့အပေါ်လုပ်တဲ့ လုပ်ရပ်ကြောင့် ခံစားရမယ့် အကျိုးဆက်တွေကို သိချင်နေခဲ့သည်။ သူ့ခြေထောက်က ဖုန်းယန်ရဲ့ ဗိုက်ကို ထိသွားချိန်မှာပဲ သူတကယ်ရူးသွားပြီလို့ ထင်စေခဲ့တဲ့ တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်! 

သူ့ခြေထောက်က ဖုန်းယန်ရဲ့ ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့တယ်!!!

ချီဇယ်ကလည်း ကျန်းချင်ကျဲရဲ့ခြေထောက် ဖုန်းယန်ရဲ့ခန္ဓာကိုယ်မှတဆင့် ဖြတ်သွားတာကို မြင်လိုက်ရသည်။ ဖုန်းယန်က ချီဇယ် သူ့ဆီ လှမ်းပစ်ခဲ့တဲ့ စက်ဘီးကို အသာလေး ကိုင်ထားလိုက်သေးသည်။ 

ဒါကြီးက သောက်ကျိုးနည်းမဖြစ်နိုင်တာကြီးလေ!

ချီဇယ်က နေရာတွင် အေးခဲသွားပြီး သူ့စိတ်တွေ လွတ်ထွက်သွားခဲ့သည်။ ကျန်းချင်ကျဲက အလွန်ကြောက်လန့်သွားပြီး သူ့ဥတွေ ပြုတ်ကျသွားလုနီးပါး ခံစားလိုက်ရသည်။

ဖုန်းယန်က ရှေ့ကို လှမ်းလာပြီး စက်ဘီးကို ချီဇယ်ရဲ့ လက်ထဲသို့ ပြန်တွန်းလိုက်သည်။တစ်လှမ်း၊ နှစ်လှမ်း... ချီဇယ်က တစ်ချိန်လုံး တုန်လှုပ်နေမှန်း မသိဘဲ ထပ်ခါထပ်ခါ နောက်ပြန်ဆုတ်နေခဲ့သည်။ ဖုန်းယန်က ဖြည်းညှင်းစွာ ပြုံးပြီး ပြောလိုက်သည်။ 

"ငါ့စက်ဘီးကို ပြင်ပေးမလား မပြင်ပေးဘူးလား" 

ချီဇယ်က ပြန်မဖြေနိုင်ခင် ကျန်းချင်ကျဲက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now