အခန်း ၂၄

984 188 3
                                    

Heavenly Wife

Unicode

အခန်း ၂၄ : ဖုန်းယန်အတွက်သီးသန့်

အဘိုးပန်က ပန်ယွိလုပ်ခဲ့တဲ့ ပြသာနာကြောင့် အပြင်မထွက်နိုင်စေရန် သူ့ကို စောင့်ကြည့်ဖို့ လူဆယ်ဦး  စီစဉ်ထားခဲ့သည်။ သို့သော် ပန်ယွိသာ တကယ်ထွက်ချင်လျှင် ဘယ်သူမှ သူ့ကို အိမ်မှာ ပိတ်ထားနိုင်မည် မဟုတ်ပေ။

သူ ဖုန်းယန်ရဲ့ကျောင်း ဒါမှမဟုတ် စူပါမားကတ်ကို မသွားရတဲ့ အကြောင်းရင်းက လိပ်ဝန်ကြီးချုပ်ရဲ့ အကြံပေးချက်က သူ့အတွက် အဓိပ္ပာယ်ရှိလို့ပင်။ သူ့ကို နောက်တစ်ကြိမ် တွေ့တဲ့အခါ စိတ်အနှောက်အယှက် မဖြစ်စေရန် ဖုန်းယန်ကို လွတ်လပ်မှုအနည်းငယ် ပေးသင့်သည်ဟု သူတွေးခဲ့သည်။

သို့သော် လွတ်လပ်မှုပေးခြင်းက သပ်သပ်၊ တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ရှိခြင်းက သပ်သပ်ဖြစ်သည်။ လူချင်းမတွေ့နိုင်ပေမယ့် အဆက်အသွယ်တော့ လုံးဝဖြတ်လို့မရဘူးလို့ တွေးခဲ့သည်။ ထို့ကြောင့် လျှိုကျန်းဟယ်က သူ၏သူငယ်ချင်းများနှင့် WeChat မှတစ်ဆင့် အဆက်အသွယ်ရကြောင်း သတိရမိတဲ့အခါ အဲ့ဒါကို သူ အမှန်တကယ် မသုံးခဲ့တာတောင်မှ ဖုန်းယန်ကို WeChat တွင် addရန် စိတ်ကူးလိုက်သည်။

ပန်ယွိမှာ WeChat IDရှိခဲ့ဖူးသော်လည်း သူ၏သူငယ်ချင်းစာရင်းတွင် လူများစွာမရှိဘဲ အများစုမှာ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သူ၏ အလုပ်သမားများနှင့် ယာဉ်မောင်းများသာ ပါဝင်သည်။

ဖုန်းယန်က သူ့ကို addလိုက်တာနဲ့ ဖုန်းယန်ရဲ့အကောင့်ကို favouriteထားလိုက်ပြီး သူ့အကောင့် IDကို :  ငါ့အကြိုက်ဆုံးပေါင်ပေ့လို့ ပြောင်းလိုက်သည်။

ဖုန်းယန်က အစတုန်းက မသိခဲ့ပေမဲ့ ပန်ယွိရဲ့ Moments' feedကို မြင်လိုက်တဲ့အခါ ပုံတင်ထားတာကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့သည်။

—ဖုန်းယန် : မင်း ရူးနေတာလား။ မင်းရဲ့ Moments မှာ ငါတို့ရဲ့ စကားပြောထားတဲ့မှတ်တမ်းတွေကို တင်ထားတာလား။

—ခွေးကောင်ပန် : ကိုယ်မရူးပါဘူး။ ကိုယ် အဲ့ဒါကို privateလုပ်ထားပြီး မင်းကို tagလုပ်ထားတာလေ။ ကိုယ်တို့နှစ်ယောက်တည်းပဲ မြင်နိုင်တာ။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now