အခန်း ၁၄

1K 208 7
                                    

Heavenly Wife

အခန်း ၁၄ : အခွံထဲမှပုလဲ

အင်္ဂလိပ်စာအိမ်စာ ကူးယူခြင်း လုပ်ငန်းစဉ်က အနည်းငယ် ရှုပ်ထွေးနေခဲ့သည်: ဤအခြေအနေမျိုးတွင် စိတ်ကူးစိတ်သန်းနှင့် အဖြစ်မှန်အကြားကွာဟချက်မှာ အတော်လေး ကြီးမားလှသည်။

ဖုန်းယန်က အင်္ဂလိပ်နှင့် ၎င်း၏စည်းမျဉ်းတွေကို နားလည်သော်လည်း ယခင်က ဒီကောက်ကွေးတဲ့ အက္ခရာတွေကို မရေးခဲ့ဖူးပေ၊ အင်းဆက်ပိုးမွှားတွေနဲ့ တူပြီး ရေးရတာ တကယ်ကို အဆင်မပြေပေ။ ထို့အပြင် သူက ရှောင်ဖုန်းယန်ရဲ့လက်ရေးကို အတုခိုးရန် လိုအပ်တာကြောင့် နံနက်ခင်းက အခက်အခဲ အနည်းငယ်နှင့် ကုန်ဆုံးသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူ့ကို တအားကြီးစိုးရိမ်မှု မပြနေတဲ့ လင်းကျင်းယွင်အပါအဝင် သူတို့အတန်းထဲက ဆရာဆရာမတွေက ဖုန်းယန်ကို စာမေးဖို့ နာမည်မခေါ်ခဲ့ကြပေ။ မကြာသေးမီက သူက အဆောက်အဦးပေါ်မှ ခုန်ချခဲ့တာကို တွေးမိပြီး သူ့စိတ်ခံစားမှုကို အတက်အကျ မဖြစ်စေချင်ကြတာကြောင့် ဖြစ်နိုင်သည်။

အထူးသဖြင့် အတန်းထဲမှာ စကားပြောရတာ သိပ်မကြိုက်တဲ့အတွက် ဖုန်းယန်ကတော့  ဒါကောင်းတယ်လို့ ထင်ခဲ့သည်။

အတန်းပြီးရင်တော့ အဲဒါက တခြားဇာတ်လမ်းတစ်ခုပင်။

မနက်ပိုင်းအတန်းပြီးချိန်မှာတော့ ဖုန်းယန်က ထမင်းစားရန် အပြင်ထွက်ဖို့ ပြင်နေသည့် ချီဇယ်နှင့် ကျန်းချင်ကျဲတို့ကို ခေါ်လိုက်သည်။ 

"မင်းတို့နှစ်ယောက် ပြီးရင် သန့်ရှင်းရေးတာဝန်ကျတယ်နော်"

ချီဇယ်နှင့်ကျန်းချင်ကျဲတို့နှစ်ယောက်စလုံးက စနေနေ့က နေမကောင်းဖြစ်နေတယ်လို့ ခွင့်တိုင်ခဲ့ကြပြီး နောက်တစ်ရက် ထပ်ဖျားနေတယ်လို့ မိဘတွေကို အနှောက်အယှက်မပေးချင်တော့တာကြောင့် ဒီနေ့ အတန်းထဲရောက်လာခဲ့ကြသည်။ အားလပ်ချိန်မရောက်မီ နှစ်ဦးစလုံးက ဖုန်းယန်ကို ပုန်းရှောင်နေခဲ့ကြပြီး သူ့ကို စကားမပြောရဲခဲ့ကြပေ။

ဒါပေမယ့် သူတို့ မလွတ်မြောက်နိုင်သေးဘူး!

ချီဇယ်က လွှတ်ခနဲပြောလိုက်သည်။ 

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now