အခန်း ၄၁.၂

639 145 1
                                    

Heavenly Wife

Unicode

အခန်း ၄၁.၂ : ရှန်းကျွင်းရဲ့ရောက်ရှိလာမှု

ဖုန်းယန်၏လက်က တင်းကျပ်သွားပြီး လောင်ကျွမ်းနေသည့် ကြက်သွေးရောင်မီးတောက်သည်  ပုံပျက်နေပြီဖြစ်တဲ့ ရွမ်ပင်းအကျဉ်းထောင်ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ထိုမြင်ကွင်းကို မြင်တော့ ဖုန်းယွီရန်က ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူက ရေခဲဆူးကြာပွတ်ကို ဖုန်းယန်ဆီသို့ ထပ်မံ လွှဲယမ်းလိုက်သော်လည်း ယခုတစ်ကြိမ်တွင်  သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်မချိန်ရွယ်ဘဲ သူ့ရည်ရွယ်ချက်မှာ ဖုန်းယန်၏ ဘေးပတ်လည်ရှိ သစ်ပင်များကို ရှုပ်ထွေးသွားစေရန်ဖြစ်သည်။ ကြာပွတ်သည် ဒါဇင်များစွာသော သစ်ပင်ကြီးများကို ဝန်းရံထားပြီး ဖုန်းယန်ကို အတွင်းပိုင်းထဲတွင် ခိုင်ခံ့စွာပိတ်ထားခဲ့သည်။

နွေဦးရာသီတွင် တောင်ကို အလှဆင်နေကြသည့် စိမ်းလန်းစိုပြေနေတဲ့သစ်ပင်များသည် ရေခဲဆူးကြာပွတ်ဖြင့် ထိမိသည့်အချိန်တွင် အရောင်ပြောင်းသွားကြသည်။ ကြာပွတ်နှင့်ထိမိသည့်နေရာတိုင်းတွင် ရေခဲပန်းဆွဲများ ဖြစ်ကုန်ကြပြီး အရာအားလုံးကို ရေခဲများဖုံးလွှမ်းသွားသည်အထိ ထိုဖြစ်စဥ်က ပျံ့နှံ့သွားခဲ့သည်။ သစ်ပင်များ၏ အကိုင်းအခက်များနှင့် အရွက်များပေါ်တွင် မရေမတွက်နိုင်သော ရေခဲဆူးချွန်များ ပေါက်ဖွားလာခဲ့သည်။

ဘိုးဘေးထိုက်လီက ၎င်းကို မြင်တော့ ထိတ်လန့်တကြားနဲ့ အော်လိုက်သည်။ 
"အရှင်မင်းကြီး! ဒီလိုလုပ်လို့မဖြစ်ဘူး!"

ရွှမ်ကျန့်ကလည်း သူ့ကို တားဖို့ ကြိုးစားလိုက်သည်။ 
"အရှင်မင်းကြီး! အကြီးဆုံးမင်းသားက နတ်လောကကို ပြန်ချင်နေပါတယ်။ အရှင်မင်းကြီး ဘာလို့ခွင့်မပြု_"

"ပါးစပ်ပိတ်ထား! မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း!" 
ဖုန်းယွီရန်က သူတို့နှစ်ယောက်ကို အော်ဟစ်ပြီး ဖုန်းယန်ကို ထပ်မေးလိုက်သည်။

 "ဖုန်းယန် မင်း ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် ဒီတစ်ခါ မင်းရဲ့ ဝိညာဉ်အမြစ်တွေကို ထပ်ချိုးရုံတင်မကဘဲ မင်းရဲ့ ဝိညာဉ်ကိုပါ တစ်စစီပျံ့ကျဲသွားအောင် လုပ်ပစ်မယ်။ မင်းကို နောက်ဆုံးအကြိမ် မေးမယ်။ ရွမ်ပင်းအကျဥ်းထောင်ကို ငါ့ဆီ လွှဲပေးမလား မပေးဘူးလား"

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now