အခန်း ၂၇

974 199 4
                                    

Heavenly Wife

Unicode

အခန်း ၂၇ : ရှန်းကျွင်းရဲ့အပြန်

ဖုန်းယန်က အသက်တစ်ရှိုက်အတွင်းမှာပင် ကောင်းကင်ပေါ်သို့ တက်သွားနိုင်လောက်တဲ့အထိ ဒေါသထွက်နေခဲ့သည်။ ဒါပေမယ့် မဟုတ်သေးဘူး၊ ဒီလိုအသေးအဖွဲအရာတွေ အတွက်နဲ့ သူ့အချိန်တွေကို မဖြုန်းသင့်ဘူး။

ထို့ကြောင့် နှစ်ကီလိုမီတာခန့် လမ်းလျှောက်ပြီးနောက် ရပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ပန်ယွိကို စိုက်ကြည့်ကာ နွားအိုကြီးကို မောင်းသလို မောင်းနေတဲ့ လျှိုကျန်းဟယ်ကို အချက်ပြပြီး ကားထဲသို့ ဝင်လိုက်သည်။

ပန်ယွိက ပြုံးလျက် သူ့ဘေးနားသို့ ဝင်ထိုင်ကာ ကလေးအား ချော့နေသကဲ့သို့ သူ့ဆံပင်တွေကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ 

"ပေါင်ပေ့ ပင်ပန်းနေပြီလား။ ဒေါသမထွက်တော့ဘူးလား"

ဖုန်းယန်က ပန်ယွိရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး 

 "ငါ့ကို ပေါင်ပေ့လို့ မခေါ်နဲ့! ထိလည်းမထိနဲ့! မင်းရဲ့ လက်တွေ၊ ခြေတွေကိုလည်း မလှုပ်နဲ့!"

ပန်ယွိက ခေါင်းညိတ်လိုက်ပြီး

 "ကောင်းပြီလေ။ ဒါပေမယ့် ကိုယ့်လက်တွေ၊ ခြေတွေကို မလှုပ်ရရင် ကိုယ် ဘာလုပ်ရတော့မှာလဲ"

ဖုန်းယန်က ဝါးမတတ်စားမတတ် စိုက်ကြည့်ကာ

 "ဘာမှမလုပ်နဲ့!"

ပန်ယွိက ရယ်မောလိုက်ပြီး

 "အင်း အင်း ကိုယ် မင်းပြောတာကို နားထောင်မယ်"

ပန်ယွိရဲ့ မျက်နှာပေါ်ရှိ တုန်နေအောင် ချစ်နေရှာတဲ့ အပြုံးကိုမြင်လိုက်ရတော့ လျှိုကျန်းဟယ်က ကြက်သီးထသွားသည်။

ဖုန်းယန်လည်း သူ အနည်းငယ်ထူးဆန်းသည်ဟု  ထင်နေမိသည်။ ဘာကြောင့်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် Rainbow farmမှာ ပန်ယွိကို မတော်တဆ နမ်းလိုက်ပြီးနောက် တစ်ခုခု ပြောင်းလဲသွားပုံရသည်။ ဒီလူက အရင်ကလို အရူးတစ်ယောက် ဖြစ်နေတုန်းပေမယ့် သူ့ရဲ့ရူးသွပ်မှုက အရင်ကထက် ပိုဒေါသထွက်စရာကောင်းလာသည်။ သူ့ရဲ့စနောက်မှုက နှုတ်ဖြင့်တိုက်ခိုက်ခြင်းမှ ရုပ်ပိုင်းဆိုင်ရာအဖြစ်သို့ ​တိုးသွားသည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now