အခန်း ၁၇

1K 217 3
                                    

Heavenly Wife

Unicode

အခန်း ၁၇: ကုသိုလ်အလင်း

ထိုအချိန်တွင် ချီဇယ်နှင့် ကုဇီရန်တို့ဆီ ပြောင်းသွားသည့် ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုက ဖုန်းယန်ထံသို့ တစ်ဖန်ပြန်ရောက်လာခဲ့သည်။ 'ရူးလောက်အောင် စိတ်အနှောက်အယှက်ဖြစ်တယ်'ဆိုတဲ့ စကားလုံးက ယခုအချိန်တွင် ဖုန်းယန်၏ ဒေါသကို ဖော်ပြရန် မလုံလောက်ပေ။

သူ့ကို ထူးထူးခြားခြား ကြည့်နေကြတဲ့လူတွေကို မကြောက်ဘဲ သူ့ဒေါသကို မထိန်းနိုင်တော့မှာကို ပိုကြောက်မိသည်။

"ဟဲ့ သူငယ်ချင်း အဲ့အစ်ကိုက ဘယ်သူလဲ။ ချောချက်ဟယ်!" 

ဖုန်းယန်က အတန်းခေါင်းဆောင်ဆီကနေ အပူချိန်ထိန်းခွက် ယူနေတာကိုကြည့်ပြီး ဟယ်ထင်ထင်က ပြောလိုက်သည်။ 

"သူက ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်တော့ ဟုတ်ပုံမရဘူး။သူက နင့်ရဲ့ဆွေမျိုးလား"

"ငါ့ရဲ့ဆွေမျိုးတွေက သရဲတစ္ဆေတွေဖြစ်ကုန်ပြီ။ အဲဒါက ငါ့ရဲ့ သဘာဝရန်သူ၊ ငါ့ရဲ့ ကံဆိုးမှုပဲ!"

 ဖုန်းယန်က အပူထိန်းခွက်အဖုံးကို ဖွင့်လိုက်ရာ အတွင်းဘက်ရှိ နွားနို့ပူပူတွေကို တွေ့လိုက်ရသဖြင့် နှလုံးသားထဲတွင် ပန်ယွိကို မကျိန်ဆဲဘဲ မနေနိုင်တော့ပေ : ပန်ယွိ မင်းရူးသွားပြီလား။

"ဟေး မဟုတ်သေးပါဘူး။ သူက ဒီက ဆရာ မဟုတ်သလို ကျောင်းသားလည်း မဟုတ်ဘူးဆိုရင် ကျောင်းထဲကို ဘယ်လိုဝင်လာတာလဲ" 

ဟယ်ထင်ထင်က ဆက်ပြောလိုက်သည်။ 

"နင့်ကို ဒါယူလာပေးဖို့ သူ ဒီကို လာခဲ့တာတော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား"

"သူက စူပါမားကတ်တစ်ဆိုင် ငှားထားတာ"

"ဟမ်" 

ဟယ်ထင်ထင်က အနည်းငယ် စိတ်ရှုပ်သွားသည်။

 "ငါတို့ကျောင်းက စူပါမားကတ်ကို ငှားထားတာလား။ သူက စူပါမားကတ်ကို ဘာလုပ်ဖို့ ငှားထားတာလဲ"

"ငါ့လာမမေးနဲ့" 

ဖုန်းယန်က ဒေါသတကြီးဖြင့် နွားနို့ပူပူကို တစ်ငုံသောက်လိုက်ပေမယ့် သူ့နှလုံးသားထဲမှာ တကယ်ခံစားရတဲ့ ခံစားချက်ကို မဖော်ပြတတ်ပေ။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now