အခန်း ၃၆

867 191 3
                                    

Heavenly Wife

Unicode

အခန်း ၃၆: နဂါးကိုအနိုင်ယူပါ

မြို့၏အထင်ရှားဆုံးကျောင်းများထဲမှ တစ်ခုဖြစ်သော စမ်းသပ်ဆဲအထက်တန်းကျောင်းသည် စည်းမျဉ်းများကို စီမံခန့်ခွဲရာ၌ အလွန်တင်းကျပ်လှသည်။ ကျောင်းသားများကို ဖုန်းယူဆောင်လာခြင်းအား တားမြစ်ထားတာမရှိသော်လည်း အချို့လောက်ကသာ ကျောင်းတွင် ဂိမ်းဆော့ရဲကြသည်။

ဖုန်းယန်က ဂိမ်းတွေကို ဘယ်တုန်းကမှ အာရုံမစိုက်ဖူးတဲ့အတွက် ဒီနာမည်ကြီးပုံရတဲ့ ဂိမ်းအကြောင်းကိုလည်း သူ မသိခဲ့ပေ။ ဝမ်ဝေ့နှင့်သူ့သူငယ်ချင်းတွေ ဒီအကြောင်း ပြောနေကြတာကို တစ်ခါနှစ်ခါသာ ကြားဖူးသည်။

ကြက်သားစားတဲ့ဂိမ်းတဲ့လား

ပထမတော့ သူက ဒီတိုင်းကြက်သားစားတာလို့ ထင်ခဲ့ပေမယ့် သူ့သူငယ်ချင်းတွေက ဂိမ်းဆော့ဖို့အကြောင်းတွေ ပြောနေကြတာမှန်း တွေ့ခဲ့ရသည်။ ဖုန်းယန်က ဂိမ်းများကို သိပ်စိတ်မဝင်စားသဖြင့် ထိုအချိန်က အသေးစိတ် မမေးခဲ့မိပေ။

သို့သော် ဂိမ်းအကြောင်းပြောတဲ့အခါ သူတို့ရဲ့ ပျော်ရွှင်နေတဲ့အမူအရာတွေကို ပြန်တွေးကြည့်တော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်လောက်သည်။ ပန်ယွိအခုကစားနေတဲ့ ပုံစံနဲ့ လုံးဝမတူပေ။

မ်... ဒါကနည်းနည်းကလေးဆန်နေတယ်...

ဂိမ်းကို မိနစ်အနည်းငယ်ကြာအောင် ကစားပြီးနောက် ပန်ယွိက ငြီးငွေ့လာသည်။ ဖုန်းယန်ကလည်း ဂိမ်းကို စိတ်မဝင်စားတဲ့အတွက် ပန်ယွိက သူ့ဖုန်းကို ဘေးချထားလိုက်သည်။

"ပေါင်ပေ့ မအိပ်ချင်သေးဘူးလား"

သဖန်းပင်ပေါ်မှာထိုင်နေတဲ့ ဖုန်းယန်က မဆီမဆိုင်ပြောလာသည်။

"မင်းဘာလို့ ကမ္ဘာမြေပေါ်ကို ဆင်းသက်လာရတာလဲဆိုတာ မှတ်မိလား"

အရင်က ပန်ယွိက နေမကောင်းသေးတာကြောင့် တိကျတဲ့အဖြေကို မပေးနိုင်တာမို့ ထိုကိစ္စကို သူ မမေးဖူးပေ။ ဒါပေမယ့် အခုတော့ သူ ရှင်းရှင်းလင်းလင်း သိသင့်နေပြီ။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now