အခန်း ၂၉

939 191 7
                                    

Heavenly Wife

Unicode

အခန်း ၂၉ : အရစ်ကျပေးချေမှု

"အရသာရှိလား"

 ပန်ယွိက မေးလိုက်သည်။

"အင်း... အရသာရှိတယ်!" 

ဖုန်းယန်က သူ့နှုတ်ခမ်းတွေကို မသိစိတ်မှ လျက်ရင်း ဖြေလိုက်သည်။ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး ထပ်ပြောလိုက်သည်။ 

"အဲဒါက… အမ် ကျေးဇူးတင်ပါတယ်"

"ဘာလို့ ကိုယ့်အပေါ် ဒီလောက် ယဉ်ကျေးနေရတာလဲ။ ကိုယ်တို့က စုံတွဲတွေလေ၊ အဲ့တော့ ကိုယ်ပိုင်တာက မင်းပိုင်တာပဲပေါ့။ ဒါ့အပြင် မင်းက ကိုယ့်အပိုင်လေ။ မင်းကို ကျွေးမွေးတာ သဘာဝပဲ မဟုတ်လား"

"..." ဒီစားစရာတွေစားပြီးထားလို့ ငါ မင်းကို မရိုက်ရဲဘူးမထင်နဲ့။

ဖုန်းယန်က မျက်လုံးကို လှိမ့်လိုက်ပြီး ဆီပေနေတဲ့ ဇွန်းကို ပါးစပ်ထဲ မထည့်ဘဲ မနေနိုင်ပေ။ ဒါပုစဉ်းရင်ကွဲပုံးကြီးတစ်ပုံးဖြစ်ပေမဲ့ မလုံလောက်သေးဘူးလို့ သူခံစားမိနေတုန်းပင်။
အရမ်းအရသာရှိတာပဲ!

မူလက ပန်းနုရောင်ဖျော့ဖျော့လေး ဖြစ်နေသည့် ဖုန်းယန်ရဲ့နှုတ်ခမ်းတွေက လက်ရှိတွင် အဆီလွှာပါးပါးလေး ရှိနေသည်။ သူတို့ကို လျက်ပြီးနောက် ဂျယ်လီလေးနဲ့ ပိုတူလာသည်။ ပန်ယွိက ကားထဲမှာ သူ့နှုတ်ခမ်းတွေကို မြည်းစမ်းကြည့်ခဲ့တဲ့ အချိန်ကို အမှတ်ရသွားခဲ့သည်။ တကယ်ကို သူတို့ရဲ့ ချိုမြိန်တဲ့အရသာက မမေ့နိုင်စရာပင်။

အဟွတ်... ငါ့ဘာသာ သောက်ဖို့ ရေနည်းနည်းချန်ခဲ့လိုက်သင့်တယ်။

ပန်ယွိရဲ့လည်ချောင်းက အနည်းငယ် ခြောက်သွားသဖြင့် ချောင်းဆိုးလိုက်သည်။ သူက ဖုန်းယန်ရဲ့ အသွင်အပြင်ကို သေသေချာချာ ဂရုတစိုက်မကြည့်ဘဲ မနေနိုင်ပေ။

ဒါပေါ့ သူ အခုကြည့်နေတာက ဖုန်းယန်ရဲ့ သေမျိုးခန္ဓာကိုယ်ကို မဟုတ်ပဲ သူ့ဝိညာဉ်ကိုပင်။ ဒီလူ ဒေါသမထွက်တဲ့အခါ သို့မဟုတ် သူ့ရဲ့စိတ်ခံစားမှုတွေ အတက်အကျမရှိတဲ့အခါ သူ့ရဲ့စိတ်ဝိညာဉ်က တည်ငြိမ်နေပြီး သူ့လိုအဆင့်မြင့်မားသည့်မသေမျိုးက ဒါကို ထင်ရှားစွာ မြင်နိုင်သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now