အခန်း ၃၃

1.1K 214 2
                                    

Heavenly Wife

Unicode

အခန်း ၃၃ : ကြောင်သူတော်

ဒါဆိုလည်းစားရုံပေါ့! ငါ မင်းကို ကြောက်နေဘူး!

ပုစဉ်းရင်ကွဲတွေရှိရင်တောင် ငါ့မှာ ဆန်ပြုတ် ရှိသေးတယ်!

ဖုန်းယန်က ဆန်ပြုတ်ထည့်ထားတဲ့ အပူထိန်းခွက်အဖုံးကို ဖွင့်လိုက်ပြီး ဒီနေ့တော့ ပုစဉ်းရင်ကွဲကြော်တွေ မရှိသော်လည်း ဆန်ပြုတ်ထဲတွင် အသားတွေ အတုံးလိုက် အများကြီးရှိနေတာကို တွေ့ခဲ့သည်။

အသားတုံးကြီးတွေက နူးညံ့အိစက်ပြီး အရသာရှိမယ့်ပုံပင်။

တစ်ဖက်တွင် ဟွားချန်ရဲ့ပုရစ်ကလည်း အရင်ကလို 'ပုရစ်တစ်ကောင်'သာ ဖြစ်နေပြီး ထိုပုရစ်မှာ ခြေထောက်တစ်ချောင်းလည်း ပျောက်ဆုံးနေသေးသည်။

ဟွားချန် : မ့်! ကူးရယ် ကျွန်တော် ဒါကို မှတ်ထားလိုက်ပြီ!

သူကတ်ထဲမှာ ဘာရေးထားတာပါလိမ့်။

တကယ်လို့ သူသာ ပုစဉ်းရင်ကွဲတွေကို ကောင်းကောင်းမကြော်မိပါက ဆန်ပြုတ်ထဲကို ဘာလို့ အသားတုံးတွေ ထည့်ခဲ့တာလဲ။

လူလိမ်! ကြောင်သူတော်! သူက ဒေါသထွက်ချင်ယောင်ဆောင်နေတာပဲ!

ဖုန်းယန်က ဒေါသထွက်နေတာကို မြိုသိပ်လိုက်ပြီး ဟွားချန်ကို ဘေးဖယ်ကာ ဆန်ပြုတ်ကို ကုန်အောင် သောက်လိုက်သည်။

သူ့စိတ်နေစိတ်ထားက ဒီနေ့ရာသီဥတုကဲ့သို့ ကြည်လင်ပြီး တောက်ပနေသည်။

အတန်းထဲဝင်လာတဲ့ ဟယ်ထင်ထင်က သူ့ကိုမြင်တော့ စိတ်ဝင်တစားနဲ့ ပြောလာသည်။ 

"ဟေး ငါ့ရဲ့ထိုင်ခုံဖော်ရေ မကြာသေးခင်က နင့်မှာကောင်းတာတစ်ခုခုများ ဖြစ်ခဲ့လို့လား"

ကျောင်းကောင်စီအဖွဲ့ဝင်က ပြောလိုက်သည်။ 

"ဟုတ်တယ် ဒီရက်ပိုင်း သူအမြဲပြုံးနေတယ်လို့ ငါတော့ထင်တာပဲ"

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now