အခန်း ၄၄

618 115 4
                                    

Heavenly Wife

Unicode

အခန်း ၄၄ : မင်းရဲ့တန်တန်(ဥ)တွေကို မီးရှို့လိုက်မယ်

ဝမ်ရွှမ်းရဲ့အသံက သိပ်ကျယ်လောင်တာ မဟုတ်သော်လည်း အနီးနားရှိလူတိုင်းအား ကြားနေရဆဲဖြစ်သည်။ သူမက လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့်  ဖုန်းယန်ကို ထိုကဲ့သို့ စိတ်အားထက်သန်စွာ မေးလာသည့်အခါ ကျန်တဲ့လူတွေက ထွက်မသွားကြဘဲ ထိုနေရာတွင် ရပ်ကာ နားထောင်နေကြသည်။

ဖုန်းယန်နဲ့ပတ်သက်တဲ့ ကောလဟာလတွေက လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးဘဲ တစ်ချို့တစ်လေက ကျောင်းသားတွေကြားမှာ ပျံ့နှံ့နေဆဲဖြစ်သည်။ သေချာပေါက်ကို သူ့ရဲ့လိင်စိတ်ခံယူချက်နဲ့ ပတ်သက်တာပင်။

တစ်ချိန်က သူက ဂေးဖြစ်နေကြောင်းနဲ့  ကုဇီရန်အပေါ်မှာ ခံစားချက်တွေ ရှိနေကြောင်း ချီဇယ်ဖွခဲ့တဲ့ကိစ္စကို ကျောင်းသားတော်တော်များများက မှတ်မိနေသေးပြီး ဖုန်းယန်ကလည်း  ဘယ်မိန်းကလေးကိုမှ စိတ်ဝင်စားနေတာကို မမြင်ဖူးတာကြောင့် သူတို့က ထိုသတင်းကို ယုံကြည်နေကြတုန်းဖြစ်သည်။ ဒါပေမယ့် အခုက သူ့ကို လူသိရှင်ကြား စိတ်ဝင်စားကြောင်း ပြသလာသည့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကျောင်းအလှမယ်စာရင်းဝင်သူလည်း ဖြစ်သည်။

တော်တော်များများက ဖုန်းယန် ဘာဆက်လုပ်မလဲဆိုတာ သိချင်နေကြသည်။ ဝမ်ရွှမ်းက မျက်လုံးထဲမှာ ကြယ်လေးတွေ တဖျတ်ဖျတ်လက်နေရင်း ပြုံးပြီး သူ့ကို စိုက်ကြည့်ကာ "ငါရောအတူလိုက်လို့ရမလား"

အိုး ဒီအလှလေးက သူ့ကို နေ့လည်စာ အတူတူစားဖို့ တကယ်ပဲအရင်တောင်းဆိုခဲ့တာပဲ!

ရည်းစားမရှိသော ကျောင်းသားများအတွက် သူတို့က ရည်းစားထားဖို့ စိတ်မဝင်စားဘူးဆိုရင်တောင် မိန်းကလေးတစ်ယောက်ထံမှ ဒီလိုစိတ်အားထက်သန်စွာ ဖိတ်ခေါ်သံကို ကြားတဲ့အခါ အနည်းငယ် စိတ်လှုပ်ရှားမိသွားကြသည်။

သို့သော် ဖုန်းယန်က သူမကို မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ ပြန်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
 "ကောင်းပြီလေ"

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now