အခန်း ၄၈

458 86 5
                                    

Heavenly Wife

Unicode 

အခန်း ၄၈ : မွေးရပ်မြေ (၄)

ဖုန်းယန်တစ်ခါမှ ယခုလိုမခံစားဖူးပေ။ဒီအချိန်မှာတော့ သူ့လူဟာ ပန်ယွိ မဟုတ်တော့ဘဲ လေနှင့်မိုးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကြီးသည့် ဒဏ္ဍာရီလာနဂါးကြီး မော့ထင်ရှန်းကျွင်းဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သူသည် သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံးရှန်းကျွင်းဖြစ်ပြီး  တစ်ချိန်တည်းတွင် ဝိညာဥ်စွမ်းအားအရှိဆုံးသူ ဖြစ်သည်။

သူ၏ ရှည်လျားကျယ်လောင်သည့် ဟိန်းဟောက်သံသည် ဤနေရာရှိသူတိုင်းကို တုန်သွားစေကာ မိုးခြိမ်းသံထက်ပင် ပိုတုန်လှုပ်သွားသည်။ ရေကန်အထက် လေထဲတွင် ပျံဝဲနေသည့် သူ့ရဲ့ကြီးမားတဲ့ ရွှေရောင်ကိုယ်လုံးကြီးက အနီးကပ်အနေအထားတွင် လောင်မြိုက်နေသည့် နေရောင်ကဲ့သို့ တောက်ပနေခဲ့သည်။

ဖုန်းယန်က သူက တကယ်ကို အားပျော့သေးငယ်တာပဲလို့ ခံစားလိုက်ရသည်။ သူကမှ မော့ထင်ရှန်းကျွင်းရဲ့ခြေထောက်ပေါ်က အမွေးဖြစ်လောက်သည်။ မဟုတ်သေးဘူး၊ သူက ခြေထောက်မွေးလောက်တောင် မကြီးလောက်ပေ။ ပြီးတော့ သူ့မူလပုံစံ၏ အရှည်ဆုံးဖြန့်နိုင်တဲ့တောင်ပံက လေးမီတာမှ ငါးမီတာအတွင်းသာရှိသည်။ မော့ထင်ရဲ့ လက်ရှိပုံစံ​နှင့်ဆိုလျှင် ၎င်းက သူ့အတွက် ကမ္ဘာငယ်လေးတစ်ခုတောင် ဖြစ်နိုင်သည်။

ဘယ်လောက်တောင်လုံခြုံတဲ့ခံစားချက်လဲ! မော့ထင် ရောက်လာပြီးနောက် မင်းသားဟုန်ကျန့်က စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

အရမ်းစိတ်ချရတယ်။ ယှဉ်နိုင်သူမရှိသလို ဘယ်သူ့ကိုမှလည်း ထိခိုက်စေမည် မဟုတ်ကြောင်း စိတ်ချရတယ်...

"ဖူးးးး အစ်ကို ဟေး ကျေးဇူးပြုပြီး အသိပြန်ဝင်ပါဦး" 

ဇီလင်းလို့ အမည်ရတဲ့မိန်းကလေးက ဖုန်းယန်ရဲ့ မျက်လုံးများရှေ့တွင် သူမရဲ့လက်ကို ခါယမ်းလိုက်သည်။ "ကျွန်မတို့ရဲ့ဝမ်းကွဲအစ်ကိုက အရမ်းအားကြီးတဲ့ပုံမပေါ်ဘူးလား"

"ပေါ်တယ်" 

ဖုန်းယန်က မဆိုင်းမတွ ဖြေလိုက်သည်။ သူ့အကြည့်တွေက ပန်ယွိအပေါ်ကို မဟုတ်ဘူး မော့ထင်အပေါ်ကို စိုက်ကြည့်နေပြီး မျက်တောင်တောင် မခတ်ပေ။ 

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now