အခန်း ၁၀

1.1K 236 10
                                    

Heavenly Wife

Unicode

အခန်း ၂၀ : အသက်ခြောက်ဆယ်အဘိုးကြီး

ဖုန်းယန်ကို အိမ်အပြင်သို့ လိုက်ပို့တဲ့အခါ ပန်ယွိရဲ့မိခင် ဝမ်တန့်ယာက အနည်းငယ်ရှက်ရွံ့နေခဲ့သည်။

ကားမတော်တဆမှုဖြစ်ပြီးနောက် သားဖြစ်သူ ပြန်နိုးလာကတည်းက  အတိတ်က အကြောင်းအရာများစွာကို မေ့သွားပြီး ချွေးမတစ်ယောက်ရလာဖို့ ဘယ်တုန်းကမှ စိတ်ကူးတောင် မယဉ်ခဲ့မိဘဲ ပိုမျှော်လင့်နိုင်ချေရှိတဲ့ သားဖြစ်သူ ပြန်လည်ကောင်းမွန်လာမည့်အချိန်ကိုသာ တွေးနေခဲ့မိသည်။ ပြန်ကောင်းလာဖို့ မျှော်လင့်ချက် အလွန်နည်းတယ်လို့လည်း ဆရာဝန်က ပြောခဲ့သည်။ ဒီလိုတောက်ပတဲ့ နေ့တစ်နေ့မှာ သူမရဲ့'ချွေးမ'ကို ဒီလိုနည်းနဲ့ မြင်နိုင်မယ်လို့ ဘယ်သူက တွေးဖူးမှာလဲ။

ဒီအရာအားလုံးက ဟာသတစ်ခုမျှသာ ဖြစ်​တာမို့ သူမလက်ခံဖို့ လွယ်ကူသွားတာဖြစ်မည်။ သို့သော်လည်း ဝမ်တန့်ယာက ဘာကြောင့်မှန်း မသိပေမယ့် သူမရဲ့သားဖြစ်သူက သူ့မှာ စေ့စပ်ထားသူ_ ယောက်ျားလေး_ ရှိသည်ဟု ရုတ်တရက်ပြောလာတဲ့အခါ အလွန်အံ့ဩသွားသော်လည်း လုံးဝဒေါသမထွက်ခဲ့ပေ။ အဲဒီ့အစား အနည်းငယ် ဝမ်းသာသွားသလို အနည်းငယ်လည်း  စိတ်ဆင်းရဲသွားခဲ့သည်။

သူ့သားလေးက တစ်သက်လုံး အဖော်မရှိဘဲ တစ်ယောက်တည်း အထီးကျန်နေနိုင်တယ်လို့ တွေးကြည့်ရင်း သက်ပြင်းမချပဲ မနေနိုင်တော့ပေ....

ဖုန်းယန်က လှေကားမှဆင်းသွားပြီး ကားပေါ်တက်ခါနီးတွင် ပန်ယွိက သူ့နောက်ကို မလိုက်လာတော့တာကို တွေ့လိုက်ရသည်။ သူ့လက်ထဲမှာ နဂါးပုလဲကို ဝန်တန့်ယာဆီ လွှဲပေးလိုက်သည်။

 "ဒီပစ္စည်းကို အန်တီ့ဆီ ပြန်ပေးလိုက်မယ်"

ဝမ်တန့်ယာက ပြုံးလိုက်ပြီး

 "ရှောင်ယွိက မင်းကိုပေးတာမို့ မင်းသဘောမကျတာမျိုး မဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး ယူသွားလိုက်ပါ"

ဖုန်းယန်က ဟွားချန်အတွက် အရုပ်အဖြစ် အသုံးပြု၍ ဆော့ကစားနိုင်တာပဲလို့ တွေးမိတာကြောင့် သူမကို ကျေးဇူးတင်ပြီး နဂါးပုလဲနှင့် ကားထဲသို့ ဝင်လိုက်သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now