အခန်း ၂၆

917 207 6
                                    

Heavenly Wife

Unicode

အခန်း ၂၆ : ခွေးစာလမ်း

ခြံထဲမှလေထုက ရှုပ်ပွပြီး ကသိကအောက်ဖြစ်လာခဲ့သည်။ ကွမ်ကျင်းဖေ၊ ကျိုးရွှမ်နှင့် ဤနေရာရှိအခြားလူများ အားလုံးရဲ့ပါးစပ်တွေက Oပုံသဏ္ဍာန် ကျယ်ကျယ်ပွင့်နေကြကာ တောင့်တင်းစွာ ရပ်နေကြသည်။

ဖုန်းယန်က လက်သီးဆုပ်ထားပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူဖို့ ကြိုးစားလိုက်သည်။

"ဖုန်း...ဖုန်းယန် မင်း အဆင်ပြေရဲ့လား" 

ကွမ်ကျင်းဖေက ဖုန်းယန်ရဲ့အမူအရာကို ကြည့်ကာ မတ်တတ်ရပ်ဖို့ လက်ကမ်းပေးလိုက်သည်။ ဖုန်းယန်က အခုတလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွင် ပိုပြီး သက်ရောက်ခံစားခဲ့ရသူ ဖြစ်ပုံရသည်။

"ငါအဆင်ပြေပါတယ်" 

ဖုန်းယန်က မသိစိတ်မှ ကွမ်ကျင်းဖေရဲ့လက်ကို ရှောင်လိုက်သည်။ သူ ဒေါသအရမ်းထွက်နေလို့ သူ့တစ်ကိုယ်လုံး ပူထူနေခဲ့သည်။ ဒါက လူတွေမှာ ရှိရမယ့် အပူချိန် မဟုတ်တာမို့ တစ်စုံတစ်ယောက်သာ သူ့ကို ထိမိရင် သူတို့ ထိတ်လန့်သွားကြလိမ့်မည်။

"အာ...ဒါက" 

ဝမ်ဝေ့က တုံးအစွာပြောလိုက်သည်။

 "ဒါက အနမ်းမဟုတ်ပါဘူး! မှန်တယ်! ဒါ မတော်တဆမှုတစ်ခုပဲ။ ဟုတ်တယ် ဒါက မတော်တဆမှုတစ်ခုပဲ!"

"အာ ဟုတ်တယ်။ ကောင်လေး မင်းထိခိုက်မိသွားသေးလား" 

အန်တီကွမ်က ပန်ယွိကို မေးလိုက်သည်။

ထိုအခါမှ တခြားသူတွေက ပန်ယွိ မြင်းကန်ခံလိုက်ရတာကို သတိရသွားကြသည်။ဟုတ်ပါတယ် မြင်းပါ၊ ခွေးမဟုတ်ဘူး။ လူတစ်ဦးသည် မြင်းကန်ခံရပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရသွားတာ သို့မဟုတ် သေသွားတာတောင် ဖြစ်နိုင်သည်။ ဖုန်းယန်ရဲ့အမူအရာက ကြောက်စရာကောင်းလွန်းတာကြောင့် လူတိုင်းက သူ့ကို ပထမဆုံး စိတ်ပူခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ပန်ယွိက တည်ငြိမ်လွန်းသဖြင့် မတော်တဆမှုရဲ့ အဓိကသားကောင်က ဘယ်သူလဲဆိုတာကို မေ့သွားစေခဲ့သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now