Intro

4.1K 39 3
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ

ဇာတ်ကောင်မိတ်ဆက်

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က
လနတ်သမီး နှင့်အခြွေအရံများသည်
ဤနှင်းတောင်တန်းသို့လာရောက်ပျော်မြူးကြရာ
ထိုဒေသရှိနတ်ရေကန်မှရေကိုသောက်သုံးမိကြ‌လေသည်။
ထိုနောက်..
နတ်ပြည်သို့ပြန်ရောက်ပြီးမကြာခင်ကိုယ်ဝန်ရှိကုန်ကြပါသတဲ့
ထို့ကြောင့် နတ်ပြည်မှတိတ်တဆိတ်ထွက်ခွာလာပြီးနောက်
ဤဒေသတွင်နန်းစိုက်နေထိုင်ရာမှမိန်းမလှတိုင်းပြည်ဖြစ်တည်လာခြင်းဖြစ်သည်။
ထိုအကြောင်းကို ကောင်းကင်မင်းကြီးသိတော်မူသောအခါ
လွန်စွာအမျက်ထွက်တော်မူသဖြင့်
လနတ်သမီးအား ကြီးစွာသောအပြစ်ဒဏ်ချမှတ်လေ၏။

" အထီးကျန်ငွေလမင်း '
(ယွဲ့ထိုက်ရင်းလက်ခံရရှိသောကျိန်စာ)

" သင်တို့သည် ကောင်းကင်ဘုံ၏စည်းမျဉ်းကိုဖောက်ဖျက်၍
လူလောက၌ ထီးနန်းစိုက်ခဲ့ကြသည်ဖြစ်ရာ
သင်တို့၏တိုင်းပြည်သည်
နောင်နှစ်ပေါင်း ၁၀၀၀ကြာသောအခါအကြီးအကျယ်ပျက်သုန်းခြင်းဆိုက်အံ့
သင်သည် ကောင်းကင်ဘုံ၏စည်းမျဉ်းကိုချိုးဖျက်၍
.လူသားကလေးတစ်ယောက်ကိုမွေးဖွားပြီး သင့်၏ကျင့်ကြံမှုစွမ်းအားနတ်တန်ခိုးတွေလွှဲပြောင်းပေးခဲ့လေတယ်
သို့ဖြစ်ရာ သင်၏ရင်သွေးမှာ
မအိုမနာမသေသောခန္တာကိုယ်ဖြင့် ထာဝရရှင်သန်သူအဖြစ်
သူ၏ဘဝသက်တမ်းတလျှောက်၌ ချစ်ခင်ရသူတွေနှင့် ကွေ့ကွင်းရသောဆင်းရဲဒုက္ခကို
ကြိမ်ဖန်များစွာထပ်တလဲလဲခံစား၍အထီးကျန်စွာဖြင့်
ရှင်သန်နေထိုင်သွားရပေတော့မည်။ "

ယွဲ့ထိုက်ရင်း
(မိန်းမလှတိုင်းပြည်၏စစ်သေနာပတိချုပ်)
သူမဟာ လနတ်သမီးရဲ့ပထမဆုံးမျိုးဆက်ဖြစ်ပြီး သက်တော်ထောင်ချီနေပြီဖြစ်တဲ့
မသေမျိုးထာဝရရှင်သန်သူတစ်ယောက်။
သူမဟာ မယ်တော်နတ်သမီးပေးခဲ့တဲ့
အစွမ်းသတ္တိတွေကြောင့်ရုပ်ပျိုကိုယ်နုပြီး
နတ်စွမ်းအားတွေပိုင်ဆိုင်သူ။
သို့ပေမဲ့ ကောင်းကင်မင်းကြီး၏အပြစ်ပေးမှုကြောင့် နတ်တန်ခိုးတွေချိတ်ပိတ်ခံထားရပြီး
သာမန်လူတစ်ယောက်၏အစွမ်းအစသာရှိသူ။

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now