ဇာတ်သိမ်းပိုင်း

787 17 4
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂၅)

အခန်း_၂၅(ဇာတ်သိမ်း )
( ငါသာအထီးကျန် ကောင်းကင်ယံမှာ
အတောင်ပံ တဖျပ်ဖျပ်ခတ်လိုက်တယ်...)

' ပိုင်ရိကျယ်...
လက်နက်ချပြီးအညံ့ခံပါ "

ယွဲ့ထိုက်ရင်းရဲ့အော်သံကိုနန်းတော်တံတိုင်း
ထိပ်ကတောင်ကြားနေရသည်။
မြို့တော်ကိုဝိုင်းထားလိုက်ကြပြီး
တောင်..မြောက်..အရှေ့အနောက် အကုန်ပိတ်ဆို့ထားတာ..
ဟိုးအရင်က သူတို့တိုက်ခဲ့တာတောင်ဒီလောက်မပြောင်မြောက်ချေ
ထွက်ပေါက်လုံးဝမရှိအောင်ကိုပိတ်ဆို့ထားတာ
လိဟန်ကူညီဖို့လာတာတောင် အဝိုင်းခံထားရလို့ မထိုးဖောက်နိုင်ဘူးတဲ့
အဟက်..!
သူ့တိုင်းပြည်အကြောင်းသူနောကျေနေတာကိုး မထူးဆန်းတော့ပါဘူး။

" ဟေး..တစ်ယောက်လာစမ်း..
ချိန်ဖုန်း..
ရော့..ဒါကို ပိုင်ရိကျယ်ဆီသွားပေးလိုက်..
ဒါနဲ့မှမလုံလောက်ရင် သူ့မယ်တော်ဦးခေါင်းပါပို့ပေးမယ်လို့ သွား.."

" ဗျာ...!

" မင်းကို ဒီနေ့ထိအသက်ချမ်းသာပေးထားပြီး
မသတ်သေးတာ ဒီအတွက်လေ
ပိုင်ရိကျယ်က မင်းကိုတော့မသတ်လောက်ပါဘူး "

ချိန်ဖုန်းမှာ လက်ထိပ်သံကြိုးတန်းလန်းဖြင့်
ဗျာဟုသာဆိုနိုင်လေသည်။
ဟားးး ယွဲ့ညီအစ်မတွေက ဟန်ဆောင်သိပ်ကောင်းကြတာ
သူလည်းဘာထူး ယဲ့ရှင်းရဲ့မာယာအောက်မှာကျရှုံးပြီး အကျဉ်းသားဖြစ်လာရတဲ့အဖြစ်
ယဲ့ရှင်းကြောင့်ငဲ့ညှာပြီးမသတ်ပဲထားတယ်ထင်နေတာ
လတ်စသတ်တော့ သူ့ကိုအသုံးချစရာရှိသေးလို့ကိုး

" ယဲ့ရှင်း...
မင်း..ရက်စက်လိုက်တဲ့မိန်းမ
အသဲနှလုံးမရှိတဲ့မိန်းမ "

ချိန်ဖုန်း၏စကားတွေကြောင့် ယဲ့ရှင်းမှာ
တဖက်သို့မျက်နှာလွှဲနေလေသည်။
ထိုအချိန်မှာပင် ယွဲ့ထိုက်ရင်း၏အသံထွက်ပေါ်လာလေတော့သည်။

" ခွေးစကားတွေပြောမနေနဲ့ သွားတော့
ငါ သိပ်စိတ်ရှည်တာမဟုတ်ဘူးနော် "

ချိန်ဖုန်းယူလာတဲ့ နော်တော်ရဲ့ဦးခေါင်းကိုမြင်ပြီး ပိုင်ရိကျယ်တစ်ယောက် မိုက်ခနဲ
သူရက်စက်တယ်ဆိုတာထက် အဆပေါင်းများစွာ ထိုမိန်းမကပို၍ရက်စက်ပါသည်။
သူလက်မခံရင် မယ်တော့်ကိုပါသတ်မည့်ပုံပင်။
ထို့ကြောင့် နန်းတော်တံခါးကိုဖွင့်ပေးဖို့အပြင်မရှ်ိခဲ့ပါ
အဟက်.. သူဘာတတ်နိုင်မှာလဲ
အပြင်မှာက ချူတိုင်းပြည်ကရဲမက်တွေ..
နန်းတော်ထဲမှာက ဟွားရဲမက်တွေအပိုင်စီးလိုက်ပြီပဲဟာ
ပိုဆိုးတာက ကိုယ့်မယ်တော်က သူမလက်ထဲမှာ
ထို့ကြောင့် နောက်ဆုံးလက်နက်ကိုထုတ်သုံးရတော့သည်။

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Onde histórias criam vida. Descubra agora