အပိုင်း ၇

259 14 2
                                    

Unicode


မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၇)

အခန်း_၇ ( ဟွားတိုင်းပြည်၏မဏ္ဍိုင် လမင်းခံတပ်၏အရှင်သခင် )

< နယ်စပ်နှင့်ရှန်းယန်မြို့ကြား တောအုပ်တစ်နေရာ၌ >

ရှန်းယန်မြို့၌ ယဲ့ရှင်းနှင့်ပူးပေါင်းပြီးနောက်
ညတွင်းချင်းမနားမနေခရီးဆက်ခဲ့ကြသော
ယွဲ့ဟွားဦးဆောင်သည့် နန်းတွင်းတပ်နှင့် ယဲ့ရှင်း၏မြို့စောင့်တပ်

" ဟူးးးးးးဝှစ်..!

" မြှားတွေဟေ့..ရန်သူ ရန်သူ
ဝပ်..ဝပ်ကျ..အကာအကွယ်ယူ.."

" ရန်သူကအမှောင်မှာ ငါတို့ကအလင်းထဲမှာ
ဘယ်လိုလုပ်ကြမလဲ.."

တောအုပ်ထဲက ထွက်လာကြသောဝတ်စုံနက်နှင့်ရန်သူတွေ
ထိုလူတွေ၏ပစ်မှတ်ကား ရိက္ခာလှည်းဖြစ်နေလေသည်
ရိက္ခာတွေတော့မဖြစ်ဘူး..
လူယုတ်မာတွေ..
ငါသေချင်သေပါစေရိက္ခာတွေကိုကာကွယ်ရမယ်
ဤနှယ် စိတ်ဒုံးဒုံးချပြီးသည်နှင့် ယွဲ့ဟွားတစ်ယောက်
ရန်သူတွေ၏အလယ်သို့ခုန်ဝင်သွားလေတော့သည်။
သူမနှင့်အတူ ယဲ့ရှင်းလည်းထို့အတူပင်
ညီအမနှစ်ယောက် ကျောချင်းကပ်မိကြလျှင်
အချင်းချင်းခေါင်းညိတ်ပြလျက် ညာသံပေးကာ
တရစပ်တိုက်ခိုက်ကြလိုက်လေတော့သည်။

" ဟိုင်း...ယားးးး
လူယုတ်မာတွေ သေပေတော့ "

*(ဒီနေရာမှာတစ်ခုပြောချင်တာက
ယွဲ့ထိုက်ရင်းရဲ့စစ်စခန်းနဲ့ရှန်းယန်မြို့ကြားဟာဆိုရင်
တောအုပ် နဲ့ တောင်တန်းတွေပဲရှိတာပါ
နယ်ခြားစစ်စခန်းဟာ ဆွေ့၊ကျင်း၊ဝေ
၊‌ကျောက်တိုင်းပြည်တို့နှင့်
နယ်နမိတ်ဖြစ်ပြီး
ထိုနိုင်ငံကလူတွေ ဟွားတိုင်းပြည်ထဲဝင်မယ်ဆိုပါက
ယွဲ့ထိုက်ရင်းရဲ့ လမင်းခံတပ်ကိုဖြတ်ကျော်ရပါတယ်
မနက်ပိုင်းတွေမှာ လမင်းခံတပ်ဂိတ်တံခါးဖွင့်ထားပြီး
ကုန်သည် နဲ့ ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို
စစ်ဆေးပြီးဝင်ခွင့်ပေးပါတယ်
ထိုလူများဟာ အမျိုးသမီးများသာဖြစ်ရပါတယ်
ဒါကြောင့် ရန်လိဟန်က သူရဲ့သူလျှိုတွေကို
မိန်းကလေးတွေသုံးလိုက်တာပါ။
ဒုတိယအချက်_
ရှန်းယန်မြို့ရဲ့ တောင်ဘက်ဂိတ်ပေါက်ဟာဆိုရင်
ချူနိုင်ငံရဲ့နယ်စပ်ပါ
ချူနိုင်ငံဆိုတာက ကျန်တဲ့တိုင်းပြည်ကြီးလေးခုရဲ့အဖိနှိပ်ခံ
လက်အောက်ခံတိုင်းပြည်ဖြစ်ပြီး
ဟွားနဲ့ကမိတ်ဖက်လို့ပြောလို့ရပါတယ်
ရှန်းယန်မှာရှိတဲ့ ဒုက္ခသည်တွေကအဲ့ဒိကလာတာပါ
ဆွေ့ရှန်း နဲ့ရင်ရင်က ချူနိုင်ငံဖက်ကနေ ဒုက္ခသည်ယောင်ဆောင်ပြီး
ခိုးဝင်လာတာပါ
ပြီးတော့ ရှန်းယန်က ချူနိုင်ငံနဲ့ဟွားတိုင်းပြည်ရဲ့နယ်စပ်မြို့
ကုန်သည်တွေဝင်ထွက်သွားလာကြပါတယ်
ကုန်သည်တွေဟာ ဆွေ့၊ကျင်း၊ဝေ့၊ကျောက် မည်သည့်တိုင်းပြည်ကမဆို
ဝင်ထွက်သွားလာရောင်းဝယ်ဖောက်ကားနိုင်ပါတယ်
မှတ်ပုံတင်ပြီးယာယီနေထိုင်နိုင်ပေမဲ့ နိုင်ငံသားအဖြစ်တော့နေထိုင်ခွင့်မရပါ
ဒါကြောင့် ပိုင်ရိကျယ်ရဲ့ကိုယ်ရံတော် ချိန်ဖုန်းက
ရှန်းယန်မြို့ကိုဝင်လို့ရတာပါ
အဲ့ဒိလိုပဲ ရန်ရှောင်လန်နဲ့သူမလူတွေက ရှန်းယန်ကနေဝင်လာပြီး
မြို့ပြင်မှာ ယွဲ့ထိုက်ရင်းတို့နဲ့ဆုံပြီး ပြဇာတ်ကကြတာပေါ့
ရှင်းရဲ့လားမသိဘူး )

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now