အပိုင်း ၁၇

274 12 2
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၇)

အခန်း_၁၇(သံယောဇဉ်ဆိုတာဖြတ်တောက်မရတဲ့ရေလိုစီးဆင်းမှု့..)

" ခေါင်းဆောင်...!
ဧည့်သည်လာပါတယ် "

အလိုက်ကမ်းဆိုးမသိတဲ့ငယ်သားရယ်
သူများအိပ်ချိန် ညဘက်အချိန်ကြီးမှ
ရောက်လာတဲ့ဧည့်သည့်ရယ်ကြောင့် စိတ်တိုပြီးထအော်မိလိုက်တဲ့ မုရုံချန်း

" _ဟမ်..ဘယ်သူတွေလဲ..
_သွားကြည့်လိုက်ရင်သိလိမ့်မယ် "

ဒီကောင်ဘယ်သူမို့ဒီလိုဖြစ်နေတာလဲဟ
ဤနှယ် ပွစိပွစိရေရွတ်ရင်းကပင်
ဧည်သည့်ဆိုသောလူတွေအားထွက်အတွေ့
လူရွယ်ယောင်္ကျားလေးနှစ်ယောက်
သူတို့ဘက်ကိုကျောပေးကာမတ်တပ်ရပ်နေကြလေသည်။
ကျန်တစ်ယောက်မှာတော့
ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှု့နေလေရဲ့

" ဘယ်သူများလဲ ခင်ဗျ..ဗျ...ဗျ..!

သူ့စကားမဆုံးသေး ဟိုဒီလှည့်ပတ်ကြည့်နေနေသော ဝတ်စုံဖြူနှင့်လူရွယ်ကို.မြင်လိုက်ရတဲ့အခိုက်အတန့်
စကားတွေတင်မကလူပါတုန်တုန်ရီရီဖြစ်လာတော့သည်။
ယွဲ့ထိုက်ရင်း..!
ကျန်နှစ်ယောက်ကတော့ ရန်လိဟန်နှင့်သူ၏ကိုယ်ရံတော်တို့ပင်။
အကြောင်းမကြာဘာမကြား ရုတ်တရက်ကြီးဘာလာလုပ်တာလဲဟ
သူတွေးနေတုန်းပင် အနှီးမိန်းမဆီမှ
ခပ်ပြတ်ပြတ်လေသံထွက်ပေါ်လာလေသည်။

" ယွဲ့ဟွာ ရှိလား...
သူမကိုတွေ့ချင်လို့ ငါတို့ကိုရှေ့ကလမ်းပြ.."

" အာ..ဟိုလေ ယွဲ့ဟွား က..ဟိုဒင်း "

မုရုံချန်း၏အယောင်ယောင်အမှားမှားစကားတွေကို စိတ်မရှည်တော့သည့်အလား
ယွဲ့ထိုက်ရင်းမှာ လေသံမာမာဖြင့်အော်ငေါက်လိုက်လေသည်။

" ဘာဖြစ်နေတာလဲ
ငါတို့ကိုမထိုင်ခိုင်းတော့ဘူးလား
အထဲရောက်မှပြော "

" အာ..ကြွပါခင်ဗျ
အရှင့်သားတို့လည်းကြွပါ "

ငါ့နှယ် ဘယ်လိုလုပ်ရပါ့မလဲ
အေးလေမတတ်နိုင်ဘူးပေးတွေ့ရမှာပေါ့
ဒါက ငါ့နယ်မြေပဲဟာ ဘာကြောက်စရာရှိလဲ
ဤနှယ် ကိုယ့်ဖာသာအားတင်းပြီးသကာလ

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Où les histoires vivent. Découvrez maintenant