အပိုင်း ၁၄

276 14 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၄)

အခန်း_၁၄ (မှောင်မိုက်ခြင်းကိုခေါင်းအုံးလုပ်အိပ်စက်ခဲ့ပြီးမှ..မျှော်လင့်ချက်မရှိတဲ့
မနက်ဖြန်ကိုငါမမျှော်တော့ဘူး.)

ညည့်အတော်နက်နေပြီဖြစ်သော်လည်း
သူမခုထိအိပ်မရသေးပါ
ယွဲ့ဟွား ၊ယွဲ့ရှန်း
သူမရဲ့ချစ်လှစွာသောကလေးတွေ
နှစ်ဝက်တောင်ရှိပြီလားပဲ...
ရှောင်ရှန်းက သေသလားရှင်သလား ယခုထိမသိရသေးပါ
ယွဲ့ဟွားကရော မချစ်မနှစ်သက်သူနဲ့သူစိမ်းတို့ရဲ့အလယ်မှာအဆင်မှပြေရဲ့လား
ရန်လိဟန်ဆီမှာညတိုင်းခေါင်းအုံးပေါ်တိတ်တိတ်လေး လူမသိသူမသိကျခဲ့ရတဲ့မျက်ရည်တွေ....

လိဟန်..သူ တရေးနိုးလာတဲ့အချိန်မှာ
နားထဲ သဲ့သဲ့ကြားလိုက်ရတဲ့ရှိုက်သံ
ပထမတော့နားကြားများမှားသလားပေါ့
နောက်မှ သေချားနားစိုက်ထောင်ကြည့်တော့
သူနဲ့ကပ်လျက်လျှိုဝှက်အခန်းထဲက ရှိုက်သံဖြစ်နေလေသည်။
ဘုရား !
ဒါဆို ဟိုမိန်းမငိုနေတာပေါ့
နောက်ဆုံးတော့ ယွဲ့ထိုက်ရင်းငိုပြီပေါ့လေ
ဟားးးး နေထိုင်လာတဲ့ဘဝတလျှောက်
ဒီလိုထူးဆန်းဖွယ်အဖြစ်အပျက်နဲ့လည်းကြုံနိုင်သေးတာပဲကိုး
ထို့ကြောင့် နံရံနားကပ်ကာနားစိုက်ထောင်မိသည်။
ထိုအခါ အိပ်မပျော်သဖြင့်
လမ်းထလျှောက်ပုံရသော ထိုမိန်းမ၏
ခြေသံသဲ့သဲ့ကိုကြားလိုက်ရလေသည်။
အဆိုပါခြေသံမှာ လျှိုဝှက်ခန်း၏အပြင်ဘက်ရှိ မိမိနေထိုင်ရာ
အဆောင်သို့လာနေသဖြင့် ကပျာကယာအိပ်ချင်ယောင်ဆောင်လိုက်မိသညါ။
အနှီးမိန်းမမှာ သူ့ကိုကျော်သွားပြီး
နန်းဆောင်အပြင်ဘက်သို့ထွက်သွားလေသဖြင့် ဆက်၍အိပ်ချင်ယောင်ဆောင်လို့
မရတော့ပါ
သို့ဖြစ်၍ နောက်ကနေအသာလိုက်ချောင်းမိသည်။

" ဒီနေ့မှပဲ လမင်းကြီးက ခါတိုင်းထက်ပိုပြီးလှနေလိုက်တာ
ဒါပေမဲ့ နှမြောစရာပဲ အဟက်..! "

သူဟာသူတစ်ယောက်တည်းတီးတိုးရေရွတ်ရင်း နာနာကျင်ကျင်ရယ်နေတဲ့မိန်းမ
ဒီမိန်းမရဲ့ရိုးရှင်းလှတဲ့ပကတိအရယ်အပြုံးဆိုတာကို ဒီတစ်သက်
သူ မြင်တွေ့ရတော့မည်မထင်ပါ။
ဒီလိုဖြစ်အောင်လည်း သူ..လုပ်ခဲ့မိပြီကိုး၊
အနှီးမိန်းမကို နောက်ကနေ တိတ်တိတ်လေးငေးကြည့်နေရင်းက
တစ်ချိန်..ကလေးဘဝကအကြောင်းအရာတွေကိုပြန်စဉ်းစားမိလိုက်သည်။

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now