အပိုင်း ၁၀

265 14 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၀)

အခန်း_၁၀ ( ငါ့ကိုနင်ပိုင်ပြီထင်ရင် မှားလိမ့်မယ် )

စစ်ပွဲအပြီး တစ်လခန့်အကြာ
∆ဟွားတိုင်းပြည် ယွဲ့မြို့တော်∆

" ယနေ့ကစပြီး
ဟွားတိုင်းပြည်ကို ဝူတိုင်းပြည်ဟုပြောင်းလဲခေါ်ဝေါ်စေ
ယွဲ့မြို့တော် ကျန်းနန်ဟုပြောင်းလဲသမုတ်စေ "

" သင့်မြတ်လှကြောင်းပါမင်းကြီး
မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ..!

" မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ
မိဖုရားကြီးသက်တော်ရာကျော်ရှည်ပါစေ "

" ထကြပါ..မှူးမတ်တို့ "

" _ဂုဏ်ပြုပါတယ် မင်းကြီး
_ဒီတိုင်း ရိကျယ်ပဲခေါ်စမ်းပါကွာ "

ယနေ့မှာ ပိုင်ရိကျယ်ဟာ
ဘုရင်အဖြစ် သူ၏ကြင်ယာတော်နှင့်အတူ နန်းတက်ခဲ့လေပြီ။
နောက်ဆုံးတော့ ဒါဟာအိမ်မက်မဟုတ်ခဲ့
ကိုယ့်တိုင်းပြည်ကိုကျူးကျော်သိမ်းပိုက်ပြီး နန်းတက်ပွဲကိုပါ
တက်ရောက်ချီးမြှင့်နေရတဲ့ သူမရဲ့အဖြစ်ဟာ အင်မတန်မှပင်ဆိုးရွားလှပါသည်။
ပိုင်ရိကျယ်..နင်ပျော်ထားစမ်း
နောက်နေ့တွေကစပြီး နင့်ရဲ့ငရဲနဲ့တူတဲ့နေရက်တွေလာတော့မှာ
အဲ့ဒိလိုဖြစ်အောင်လည်းငါကလုပ်မှာမို့

လိဟန်..သူ ထိုက်ရင်း၏မျက်နှာကိုငဲ့ကြည့်လိုက်တော့
အနှီးမိန်းမရဲ့မျက်နှာဟာ ရေခဲတမျှအေးစက်မာကျောနေလေသည်။

ဒီနေ့ဒီအချိန်မှာ သူမတို့လနတ်သမီး၏မျိုးဆက်တွေ
တစ်ယောက်မှရှိမနေခဲ့ပါ
ချိုးအော်ကလွဲရင်ပေါ့
ရှောင်ရှန်းကတော့တိုက်ပွဲအတွင်းပျောက်သွားလိုက်တာ
သတင်းအစအနကိုရှာမရတော့ပေ..
အလောင်းမတွေ့ရပုံထောက်ရင်အသက်ရှင်နေသေးလားမသိနိုင်
အသက်ရှင်ဖို့မျှော်လင့်မိပါသည်
ယွဲ့ဟွားကတော့နန်းတွင်းသူတချို့နဲ့အတူ
ပိုင်ရိကျယ်၏မျိုးနွယ်စုတွေထံဆက်သခံရကာ
ကျင်းတိုင်းပြည်သို့ခေါ်သွားခြင်းခံရသည်
မင်းကြီးက ထို့နေ့မှာပင်
သူလျှိုတွေ၏ခြိမ်းခြောက်မခံပဲသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့သလို
ယဲ့ချင်းကတော့ သူလျှိုနှစ်ယောက်ကိုပြန်လည်တိုက်ခိုက်ရင်း
အတူသေပွဲဝင်သွားခဲ့သည်။
ငါ ဘာလို့များအသက်ရှင်နေသေးတာလဲ
သတ်သေဖို့ကြိုးစားပေမဲ့ မအောင်မြင်ပါ
ချိုးအော်က သူမရဲ့အားနည်းချက်ဖြစ်လာရသည်။
လနတ်သမီး၏နောက်ဆုံးမျိုးဆက်က ချိုးအော်ဖြစ်နေ၍ပင်။
ပြီးတော့ ယွဲ့ရှန်း
ပန်းနတ်သမီးရဲ့နောက်ဆုံမျိုးဆက်
ဒီကလေးဟာ သူမတို့လိုသက်တော်ထောင်ချီနေသူမဟုတ်
သာမန် အသက်နှစ်ဆယ့်‌လေးနှစ်အရွယ်မိန်းမပျိုလေးသာ
ထိုကလေးဟာ အသက် ဆယ်နှစ်အရွယ်ကစလို့
မိမိနောက်လိုက်ခဲ့တဲ့ကလေးမလေး
ထိုကလေး သေသလားရှင်သလားမသိရပဲ
မိမိကတာဝန်မဲ့စွာ မည်သို့သေရမည်နည်း
ပြီးတော့ ယဲ့ရှင်း
ယဲ့ချင်းရဲ့သမီးဖြစ်သူဟာလည်း
မိမိလိုပင် စစ်သုံ့ပန်းဘဝနဲ့အကျဉ်းထောင်ထဲမှာ

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now