Extra

706 26 6
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(Extra)

Extra_(စွန့်ခွာသွားတဲ့သစ်ကိုင်းထက်ကို ငှက်ကလေးပြန်လာတယ် )

သူမတို့ထဲအကြီးဆုံးဖြစ်သူ
ယွဲ့ရှန်းကထီးနန်းဆက်ခံရမှာပေမယ့်
သူမက ကျောက်ရီလန်ကိုရွေးချယ်ခဲ့တယ်..
ယဲ့ရှင်းကတော့ သူမအပိုင်စားရတဲ့ ရှန်းယန် ကိုပြန်သွားခဲ့ပြီ
ယွဲ့ချိုးလည်း သမီးလေးမီးဖွားပြီးပြီးချင်းပဲ
သူ့အရီးတော်နောက်သို့လိုက်သွားခဲ့တယ်
ယွဲ့ချို့က ထိုနေ့ကစလို့သေလူဖြစ်ခဲ့တာပင်
ဗိုက်ထဲကကလေးကြောင့်သား ကြိုးစားအသက်ရှင်ခဲ့တာ
ကလေးလည်းမွေးပြီးရော စိတ်လျော့လိုက်တယ်ထင်ပါတယ်
ခုတော့ သမီးလေးကိုသူမကပဲစောက်ရှောက်ပေးထားရသည်။
မင်းကြီးကလည်းချစ်သလို သားကြီးကလည်းချစ်လို့တော်ပါသေးတယ်ဟုဆိုရမည်။
ယခုတော့ လနန်းတော်မှာသူမသာကျန်ရစ်ခဲ့တော့သည်။
အိမ်ရှေ့စဲရန်လိဟန်လည်း အားလုံးကိုစွန့်လွှန်ပြီး ရန်ဆန်းနဲ့အတူလေလွင့်လို့
ခမျာ အရီးတော်ကို အတော်လေးချစ်မြတ်နိုးခဲ့ရှာတယ်ထင်ပါရဲ့

" _ဟင်းးးး !
_ဘာတွေသက်ပြင်းချနေတာလဲ မိန်းမရ "

မင်းကြီးမုရုံချန်းတစ်ယောက်
မိဖုရားဖြစ်သူယွဲ့ဟွား၏နန်းဆောင်သို့အလာ
သက်ပြင်းချပြီးမှိုင်နေသော ဇနီးသည်ကြောင့်
ဤနှယ်မေးမြန်းလိုက်ရာ

" နန်းတော်ကြီးက တိတ်ဆိတ်ခြောက်ကပ်နေလို့ပါ "

" ဒါဆို ကိုယ်တို့နောက်ကလေးတစ်ယောက်
ထပ်ယူကြမလား "

မုရုံချန်း၏စကားဆုံးသောအခါ ယွဲ့ဟွားမှာ
ခင်ပွန်းဖြစ်သူကို မျက်စောင်းသာထိုးလိုက်လေတော့သည်။

" ရှင်ဟာလေ.."

_____________________

< ၉နှစ်ခန့်ကြာသောအခါ >

" အဖေ...အမေ."

" _အ..အာ..!
_ဟင်..ဘာလဲ ဘာဖြစ်တာလဲ '

" _ခြေထောက်.. ခြေထောက်
_အဖေ့ကို ပြစမ်း.."

" မုရုံဟွား..!
ညည်းကိုမပြေးနဲ့လို့ပြောထားလား
အပြောထားဖူးလား
ဒီကောင်မလေး..
ဘယ်သူနဲ့တူလို့လျှပ်ပြာနေမှန်းက်ိုမသိဘူး
အဖေ အမေကရောဘာလဲ
ခမည်းတော် မယ်တော်လို့ခေါ်ပါပြောထားတယ်လေ "

You've reached the end of published parts.

⏰ Last updated: Nov 13, 2023 ⏰

Add this story to your Library to get notified about new parts!

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now