အပိုင်း ၉

242 9 2
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၉)

အခန်း_၉ (မိန်းမလှတိုင်းပြည်၏ကြေကွဲဖွယ်ဇာတ်သိမ်း )

" နယ်ခြားစခန်းကျသွားပြီ
ချောင်ဖိန်း နဲ့ ကျန်းရှောင်ကအညံ့ခံလိုက်တယ်
စစ်သူကြီးချုပ်ကအဖမ်းခံထားရတယ်..
လက်ထောက်စစ်သူကြီးမိန်ပင်း တိုက်ပွဲမှာ..ကျ..!

အနှီးရဲမက်မှာ စကားကိုဆုံးအောင်ပင်မပြောနိုင်ရှာပဲ
ယဲ့ရှင်၏လက်ပေါ်၌ပင် အသက်ပျောက်သွားလေသည်။
ယဲ့ရှင်းကား မယုံကြည်နိုင်ခြင်းများစွာဖြင့်
အဆိုပါရဲမက်အား လှုပ်နှိုးနေဆဲပင်

" ဘာ...!
ဟေး...ရဲမက်...ရဲမက်...!

" သူအသက်မရှိတော့ဘူး နယ်စားမင်း
တောက်..ဘယ်လိုတွေဖြစ်ကုန်တာလဲ.."

မြို့စောင့်တပ်မှူး၏စကားကြားမှ ပြန်လည်သတိဝင်လာတဲ့ယဲ့ရှင်း
ထိုနောက် တစ်စုံတစ်ရာကိုသတိရသွားလျက်

" အမြန်လုပ်..နန်းတွင်းကိုစာပို့ခိုလွတ်လိုက်
ငါတို့ဒီမှာခုခံနေသရွေ့နန်းမြို့အန္တရယ်ကင်းသေးတယ်
ငါ့အမေကိုသေချာပြောလိုက်
မြို့တော် ကိုသေချာကာကွယ်ပါလို့ "

" အမိန့်အတိုင်းပါ.. "

∆ နန်းမြို့တော်ရှိ လနန်းတော်၌ ∆

"_ မင်းကြီးသတိရပြီလား..သက်သာရဲ့လား..
_ဘာသတင်းထူးသေးလဲ.."

သုံးရက်သုံးညတိတိသတိလစ်မေ့မြောနေရာမှ
ပြန်လည်သတိရလာသည်နှင့် အမောတကောမေးမြန်းလာတဲ့မင်းကြီး

" ဟို..ဟို.အဲ့တာကလေ
ဟဲ့ မပြောနဲ့နော်မင်းကြီးခံနိုင်မှာမဟုတ်ဘူး "

ညီမဖြစ်သူယဲ့ချင်း၏စကားကို ဘုရင်မဝမ်ယွဲ့မှဖြတ်၍
သူမအားပြုစုနေသော နန်းတွင်သူတို့အားမေးလိုက်လေသည်။

"_အမြန်ပြောစမ်းငါခံနိုင်ပါတယ်..ပြော..
_မင်းကြီး..ဟိုလေ နယ်ခြားစခန်းကျသွားပြီတဲ့ "

ဘုရင်မဝမ်ယွဲ့မှာ ရင်ဘတ်ကိုလက်နှင့်အသာအယာဖိလျက်
မျှော်လင့်တကြီးဖြင် ခပ်တိုးတိုးမေးမြန်းလိုက်လေသည်

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now