အပိုင်း ၁၉

325 14 4
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၉)

အခန်း_၁၉ (မစတင်ခင်မှာတင် ပြီးဆုံးသွားတဲ့ဇာတ်လမ်းတစ်ပုဒ် )

အေးစက်စက်အရာတစ်ခုက သူ့လည်မျိုပေါ်လာထောက်တဲ့အခိုက်အတန့်
ပိုင်ရိကျယ် တစ်ယောက်အိပ်နေရာမှဆတ်ခနဲလန့်နိုးသွားမိသည်။
သူကြည့်လိုက်တော့ ယွဲ့ချိုး
လက်ထဲမှာလည်းဆံထိုးကိုကိုင်လျက်
ဒါဖြင့် ဒီရက်တွေမှာဟန်ဆောင်ပြနေတာက
သူ့ကိုသတ်ချင်လို့လား

" မင်း..ဘာလုပ်နေတာလဲ
မဟုတ်မှ ငါ့ကိုသတ်ချင်တာလား
သတ်လိုက်လေ "

" ကျွန်မ..မလုပ်ရဲဘူးထင်နေလား "

မလုပ်ရဲဘူးထင်နေသလားလို့ပြောနေပေမဲ့
လက်ကလေးတွေတဆတ်ဆတ်တုန်နေရှာတဲ့
ကလေးမလေး
ဒီကလေးလား လူသတ်ရဲမှာ
ထို့ကြောင့်စနောက်ချင်လာမိတာကြောင့်
အနားသို့တိုးကပ်သွားပြီး သူမလက်ထဲကဆံထိုးကို ကိုယ်တိုင်လည်ပင်းပေါ်တင်ပေးမိသည်။

" ဟုတ်လား လုပ်ရဲတယ်ဆိုရင်လုပ်လိုက်လေ
ဘာလို့လက်တွေတုန်ပြီးတုန့်ဆိုင်းနေတာလဲ "

" ကျွန်မလက်ကိုမညစ်ပတ်စေချင်လို့ရှင့်
ရှင့်လိုလူယုတ်မာအတွက်နဲ့ ကျွန်မလက်ကိုသွေးစွန်းစရာလား
စိတ်ချပါ အရီးတော်ကရှင့်ကိုသတ်ပေးပါလိမ့်မယ် "

" အဟက်..!
အဲ့နှုတ်ခမ်းကစကားတွေအရမ်းတတ်နေတယ်ပေါ့လေ "

" လွှတ်..လွှတ်နော်
လူယုတ်မာ... လူယုတ်မာ ကြီး.."

သူမဆီကျရောက်လာတဲ့ အနမ်းတွေ
နှုတ်ခမ်းတွေစုတ်ပြတ်ပြီတောင်ထင်မိတယ်
တစ်ညလုံး...သူမမှာမျက်ရည်နဲ့သာအဖော်ပြုခဲ့ရသည်။
ပိုင်ရိကျယ်.. လူယုတ်မာရဲ့ပြုသမျှနုရတဲ့ဘဝ
မုန်းမိနေတဲ့ကြားကပင် ရင်ခုန်ပြီးသာယာမိတဲ့ကိုယ့်ကိုကိုယ်လည်းရွံရှာမိပါသည်..
အရီးတော်ရေ...
ချိုးအော်ရဲ့အဖြစ်တွေကိုလာကြည့်လှည့်ပါအုံး

" ငါသေတာနဲ့ပဲဟွားတိုင်းပြည်ကိုပြန်ရမယ်လို့ထင်နေတာလား
ဒါဆိုရင်ထဲ မင်းဦးဏှောက်ထဲရေဝင်သွားပြီ
ဟွားတိုင်ပြည်ဆိုတာဘယ်တော့မှပြန်ပြီးမထူထောင်နိုင်တော့သလို
ဒဏ္ဍာရီလာမိန်းမလှတိုင်းပြည်ဆိုတာဟာလည်း ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သွားပြီ
တကယ်မရှ်ိတော့ဘူး
မင်းရဲ့လူတွေ အဲ့ဒိမိန်းမတွေက
မင်းတို့ဆီပြန်လည်ခိုဝင်လာမယ်ထင်ရင်အမှားကြီးမှားမယ်
ဟွားမိန်းမတွေက ငါတို့ယောင်္ကျားတွေကောင်းမှန်းသိသွားကြပြီလေ
နတ်ရေကန်ကရေကိုသောက်ပြီးကလေးမွေးတာထက်
ခု မင်းတောင်အရသာသိသွားပြီမလား
ဟားဟားးးး "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Tahanan ng mga kuwento. Tumuklas ngayon