အပိုင်း၁၅

316 15 1
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၅)

အခန်း_၁၅(အမုန်းတွေနဲ့ရှင်သန်မိတဲ့ငါ့ဘဝမှာ )

🎵ဟေမန်ဆောင်းတိမ်တိုက်လေးတွေ ငန်းဖြူလေးတွေလို..ကောင်းကင်အပြည့်
ဝမ်းနည်းမှုတွေကိုချန်ထားရစ်ခဲ့တယ်..🎵

🎵ပြတင်းအရှေ့မှာထိုင်ရင်း အဝေးကိုငေးကြည့်နေမိတော့..

လိဟန်..သူ့နားထဲ တိုးတိုးလေးကြားလိုက်ရတဲ့အသံ..ဟုတ်တယ်
သေချာနားစိုက်ထောင်ကြည့်မှသီချင်းသံဖြစ်နေတယ်
ဟိုမိန်းမသီချင်းဆိုနေတာပဲဟ
ယွဲ့ထိုက်ရင်း နန်းဆောင်ပြောင်းသွားကတည်း
က ညညဆိုအိပ်မပျော်တဲ့လူက
သူဖြစ်လာတယ်
အနှီးမိန်းမကို မျက်စိရှေ့အနီးအနားမှာမတွေ့ရတာနဲ့
လူက တစ်ခုခုလိုနေသလိုဟာတာတာဖြစ်နေတာကလည်းဘာစိတ်ဒုက္ခမှန်းကိုမသိ
ခုလဲ သူမဘာများလုပ်နေမလဲလို့ သူမနေထိုင်ရာအခန်းရှေ့မယောင်မလည်လာကြည့်မိတာ ဟိုမိန်းမသီချင်းဆိုနေတာနဲ့တိုးနေတယ်။
အမှန်တော့ ယွဲ့ထိုက်ရင်းက အိပ်ဆောင်ပြောင်းသွားရုံကလွဲရင် သူ့ရဲ့အရှေ့နန်းဆောင်မှာပဲရှိသေးတာ
ဒီအတွက် အိမ်ရှေ့စံမိဖုရားရယ်၊ခမည်းတော်မယ်တော်တို့နဲ့အတိုက်အခံလုပ်ခဲ့ရသေး
သူမကို မိမိမျက်စိရှေ့ကလွဲလို့ ဘယ်နေရာမှစိတ်မချနိုင်သလို
မည်သူ့ဆီမှလည်းမပေးနိုင်တာ သူ့အတ္တ
ငယ်တုန်းက ရိကျယ့်စကားကြောင့်
ဒီမိန်းမကိုမရမကတောင်းယူလာခဲ့တာ
မဟုတ်ရင် ယွဲ့ထိုက်ရင်းဟာ ပိုင်ရိကျယ်ရဲ့လူ
မလွဲမသွေဖြစ်နေမှာလေ။

"_ ဘယ်သူလဲ..!
_ငါပါ "

သူ့ရဲ့ခြေသံနဲ့အရိပ်ကြောင့်လားမသိ
ထိုမိန်းမဟာ ဤနှယ်မေးလျက်အပြင်သို့ထွက်လာလေသည်။
ထို့နောက် ခါးတစ်ချက်ညွှတ်လျက်

" ဪ အရှင့်သား
တစ်ယောက်တည်းပါလား မအိပ်သေးဖူးလား "

"အင်း..မင်းကရောဘာလို့မအိပ်သေးတာလဲ"

" ဟက်..! မဟုတ်မှ
ကျွန်ုပ်ကြောင့်မအိပ်ရသေးတာလို့တော့လာမပြောနဲ့နော် "

" တကယ်ပဲအဲ့တာကြောင့်ဆိုရင်ကော "

သူ့စကားဆုံးတော့ ထိုမိန်းမက
အဓိပ္ပါယ်ဖော်ရခက်တဲ့အပြုံးတစ်ချက်ကိုပြုံးလိုက်ရင်းက

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Kde žijí příběhy. Začni objevovat