အပိုင်း ၂၃

254 14 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂၃)

အခန်း_၂၃ (ဆုံစည်းခွင့်မရှိတဲ့ ကံကြမ္မာတွေကြားမှာ နင်နဲ့ငါဟာ ကမ္ဘာခြားပြီးသားပါ )

မင်းကြီးကိုဂါဝရပြုပါတယ်
မိဖုရားကြီးကို ဂါဝရပြုပါတယ်
သက်တော်ရာကျော်ရှည်ပါစေ "

နန်းရင်းပြင်တွင်ကြွေးကျော်သံဂုဏ်ပြုသံတွေဖြင့်စည်ကားမြိုင်ဆိုင်နေကြလေသည်။

" _အားလုံးပဲ ထကြပါ
_ကျေးဇူးကြီးမားလှပါတယ် မင်းကြီး.."

ယနေ့ကား ယွဲ့ချိုးတစ်ယောက်
မိဖုရားခေါင်းကြီးအဖြစ်ဘိသိက်ခံယူသောနေ့ပင်ဖြစ်လေသည်။
သုံးနှစ်အကြာ..
နောက်ဆုံးတော့ သူမရဲ့ဆန္ဒတွေပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း စိတ်တွေလေးလံနေမိသည်။

" _မင်းကြီး...
_အင်း..ပြောလေ မင်းသမီးလေး "

(မင်းကြီးကသူမကို မင်းသမီးလေးဟုသာချစ်စနိုးခေါ်တတ်သည်)

" ကျွန်မကိုတကယ်ချစ်လား..ဟင် "

" ဘယ်လိုမေးလိုက်တာလဲကွာ
ဒီနှစ်တွေအတွင်းမှာ ကိုယ်တော့်ရဲ့ချစ်မြတ်နိုးမှု့ကမလုံလောက်လို့လား "

" မဟုတ်ပါဘူး "

ဟုတ်တော့လဲဟုတ်ပါတယ်
ပိုင်ရိကျယ်တစ်ယောက်ကြင်နာယုယလွန်းလို့သူမ၏တာဝန်ကိုပင်မေ့လျော့သွားသည့်အထိပါပင်။

" မျက်နှာလည်းမကောင်းဘူး
ဘာဖြစ်နေတာလဲ ကလေးရယ်
ကိုယ်တော့်ကိုပြောစမ်း "

" ကျွန်မတို့ အရာအားလုံးကိုလက်လွှတ်ပြီး
ဒီနန်းတော်ကနေလူတွေမရှိတဲ့အေးချမ်းတဲ့နေရာလေးမှာသွားနေရရင်မကောင်းဖူးလား "

" အခုရော ဘာဖြစ်နေလို့လဲ
ဘယ်သူကအနိုင်ကျင့်လို့လဲ ကိုယ့်ကိုပြော..
မဟုတ်မှ မိဖုရားကအနိုင်ကျင့်လို့လား "

" ဟင်...မဟုတ်ပါဘူး
နန်းတော်မှာနေရတာငြီးငွေ့လာလို့ပါ.."

အစ်မတော်ယဲ့ရှင်းဆီကအကြောင်းကြားပြီးကတည်းကသူမစိတ်တွေလေးလံ တွန့်ဆုတ်နေမိသည်
ဒီလူ့ကိုသူမပိုင်ဆိုင်ချင်သည်လက်မလွှတ်နိုင်တော့ပေ
ပထမတော့ အရီးတော်ကြောင့် ဒီလူ့ကို
ဟန်ဆောင်ကြင်နာခဲ့ရသော်လည်း
ဒီလူရဲ့စိတ်ရင်းအမှန်နဲ့ကြင်နာယူယမှုတွေက
သူမကိုနှလုံးသားကိုအရည်ပျော်စေခဲ့သည်
ကလေးတောင်မွေးမပေးနိုင်တဲ့သူမကို
မိဖုရားခေါင်းရာထူးအထိပေးခဲ့တဲ့ထိုလူ
အမတ်တွေ တစ်ခြားမိဖုရားတွေမနာလိုမုန်းတီးပြစ်တင်မှု့တွေကိုဂရုမစိုက်ပဲ သူမမျက်နှာသာကြည့်ခဲ့တဲ့ထိုလူ
ဒီတိုင်းလေးပဲဆက်နေသွားလို့ရရင်သိပ်ကောင်းမှာပဲဟုစဉ်းစားမိသည့်အထိ
ဒီနှစ်တွေအတွင်းမှာ ဒီလူက သူမ နဲ့အတော်လေးအဆင်ပြေလာခဲ့သည်ဟုပင်ဆိုရမည်။
ပထမတော့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့သော်လည်း
နောက်ပိုင်းတွင်..သူ..အတော်ပင်နူးညံ့လာခဲ့သည်
ကွယ်လွန်သွားတဲ့မယ်တော်တို့က်ိုအားနာ‌ပေမဲ့လို့ ဒီလူ..မဟုတ်သေးဘူး ပိုင်ရိကျယ်ကို
သူမ..ချစ်မိသွားခဲ့သည်။

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now