အပိုင်း ၂၄

302 12 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂၄)

အခန်း_၂၄(ငွေလမင်းတို့အိမ်အပြန်လမ်း )

" ယွဲ့အာ..ယွဲ့အာ..!
ယွဲ့အာ.. အချိန်တန်ပြီအိမ်ပြန်ကြစို့ "

" ဘယ်သူလဲ
မယ်..မယ်တော်လား ဒါကဘယ်နေရာလဲ "

သူမမှေးခနဲအိပ်ပျော်သွားတုန်း ကြားလိုက်ရတဲ့ခေါ်သံ
နှစ်ပေါင်းထောင်ချီကြာပေမယ့်မှတ်မိနေဆဲ
သူမရဲ့မယ်တော်လနတ်သမီး
ပတ်ဝန်းကျင်ကလည်းသူမနှင့်စိမ်းသက်လှတာကြောင့် မေးမြန်းမိတော့

" _ကောင်းကင်ဘုံပါ
_ဒါဆို သမီးတော်သေသွားပြီလား '

" ယွဲ့အာ..ငါဘယ်သူလဲမှတ်မိလား "

အသံနှင့်အတူ သူမနောက်ကျောကနေ
ပေါ်ထွက်လာတာက
ငွေရောင်တဖိတ်ဖိတ်တောက်နေသောဝတ်စုံဖြင့် ကောင်းကင်မင်းကြီးဖြစ်လို့နေသည်။
ဒါဆို သူမအိမ်မက်မက်နေတာပေါ့

" သိပ်မှတ်မိတာပေါ့ ကျွန်ုပ်ရဲ့နတ်စွမ်းအားတွေကို ချိတ်ပိတ်သွားတဲ့လူ
ကောင်းကင်မင်းကြီး "

" အနှစ်တစ်ထောင်ကြာသွားတာတောင်
မင်းကမှတ်မိနေတာပဲ "

" မမှတ်မိစရာလား
အဲ့ဒိတုန်းက သင်ကျိန်စာတိုက်သွားတဲ့စကားကြောင့် ကျွန်ုပ်ဘဝမှာဘာတွေဖြစ်ခဲ့လဲသိလား
ကျွန်ုပ်မယ်တော်၊ အရီးတော်တွေ
ညီမတွေ တူမ မြေးမြစ်တွေ "

" သူတို့ သူတို့ဘဝသစ်ကိုယ်စီနဲ့ဖြစ်နေပြီ
မင်းမယ်တော်လနတ်သမီးတောင် လူပြန်ဝင်စားလို့
သူမရဲ့ကျင့်ကြံစွမ်းအားကြောင့် နတ်သမီးဖြစ်နေပြီ
မင်းရဲ့အာဃာတတွေမကျေသေးဘူးလား "

" ဒါဆို...ကျွန်ုပ်ရဲ့အပြစ်မဲ့ပြည်သူတွေ
အသက်ကရော
သူတို့မှာဘာအပြစ်ရှိလို့လဲ
သူတို့ရဲ့အပြစ်ကဘာလဲ "

" သူတို့မှာအပြစ်မရှိပါဘူး
အပြစ်ရှိတာက မင်းရဲ့မယ်တော်လနတ်သမီးနဲ့အပေါင်းအပါတွေ
အဲ့ဒိအပြစ်ကို သူတို့ကခံယူသွားရတာ
ခုလည်း မင်း..အပြစ်တွေလုပ်နေပြန်ပြီ "

" အပြစ်..ကျွန်ုပ်ဘာများလုပ်မိလို့လဲ "

" တည်ငြိမ်အေးချမ်းနေတဲ့လူသားတွေထံ
စစ်ပွဲဆိုတဲ့သေကျေပျက်စီးစေတဲ့အရာကို
ဆောင်ယူလာဖို့ကြံစည်နေတာလေ
ဒါဟာ အပြစ်မဟုတ်ဘူးလား "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Onde histórias criam vida. Descubra agora