အပိုင်း ၅

261 13 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၅)

အခန်း_၅ (သက်ဝင်လှုပ်ရှားလာလေပြီဖြစ်သောကျိန်စာ )

" မင်းသမီး !
ရှန်းယန်က စာပို့လာပါတယ် "

နန်းတွင်းကိုယ်ရံတော်တပ်တွေကိုလှည့်လည်စစ်ဆေးနေတဲ့ ယွဲ့ဟွား
သူမဆီသို့ပြေးလာပြီးဆက်သလာတဲ့ငယ်သားကြောင့်
အဆိုပါစာလွှာကိုအလျင်အမ့န်ယူကြည့်မိလိုက်လျှင်

" 📝အမတော်..ယွဲ့ဟွား
နန်းမြို့တော်ကရိက္ခာတွေစုနိုင်သမျှစုပြီးလာပို့ပေးပါ
တိုက်ပွဲဖြစ်ဖို့များတယ်
ညီမတော်ဆီကရိက္ခာမလုံလောက်လို့ပါ
ယဲ့ရှင်း "

" ဟင်..ဒုက္ခတော့ရောက်ပြီ
မင်းကြီးဆီအမြန်လျှောက်တင်ရမယ် "

" ဘာ..ဘာ..
မကြာခင်တိုက်ပွဲဖစ်တော့မယ်တဲ့လား..
ဘယ်သူတွေလဲ.. ကျင်းတိုင်းပြည် ပဲလား "

" အဲ့တာတော့သေချာပြောမထားဘူး
ယဲ့ရှင်းဆီသွားမှသေချာသိရမယ် "

" မြို့တော်ကရိက္ခာပါပို့ခိုင်းတယ်ဆိုတော့
တိုက်ပွဲကကြီးပြီးကြာမဲ့ပုံပဲ..
ယဲ့ချင်း.!
နန်းတွင်းကရိက္ခဂိုထောင်ဖွင့်ပြီးပို့ပို့လုပ်
ယွဲ့ဟွား! နင်ကမြို့ထဲကရိက္ခာတွေရသလောက်စုပြီးတော့
အမတ်ကြီးတွေလက်အောက်ကရဲမက်တွေရသလောက်တောင်းလိုက်
ပြီးတာနဲ့ နင်ကနန်းတွင်းတပ်ကိုခေါ်ပြီးရိက္ခာပို့ဖို့ပြင်
ခုချက်ချင်းအမြန်လှုပ်ရှားကြတော့ "

" အမိန့်အတိုင်းပါ မင်းကြီး "

" ဟင်းးးး !

" မင်းကြီး ဘာလို့သက်ပြင်းတွေချနေတာလဲ
သိပ်လည်းစိတ်မပူပါနဲ့
ရန်သူတွေကျူးကျော်လာတာ တစ်ကြိမ်နှစ်ကြိမ်မို့လို့လား
ထိုက်ရင်းရှိနေတာပဲ "

"ဘာကြောင့်မှန်းမသိပါဘူး
ငါ့အိမိမက်တွေမကောင်းဘူးဟယါ စိတ်မချမ်းသာဘူး
နှစ်၁၀၀၀ ကျိန်စာက အချိန်ရောက်လာပြီထင်တယ် "

" ဘယ်တတ်နိုင်မလဲ..အစ်မတော်ရယ်
ကျွန်မတို့က ကောင်းကင်ဘုံရဲ့အပြစ်သားတွေလေ "

" တော်ပါပြီ..မပြောတာပဲကောင်းမယ်
အဲ့ဒိအစားဆုတောင်းပေးကြရအောင် "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now