အပိုင်း ၈

246 11 0
                                    

Unicode


မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၈)

အခန်း_၈ (ရင်ခွင်မာန်တင်းစစ်တလင်းမှာ နှုတ်ဆက်သီချင်းဆိုခဲ့ပြီ )

∆ ဟွားတိုင်းပြည် ယွဲ့မြို့ ∆

" _ဘုရား..မိုးနတ်မင်းစောက်ရှောက်ပါ "
_မင်းကြီး...ပင်ပန်းနေပါပြီအနားယူသင့်ပြီ"

တိုက်ပွဲစတင်ပါပြီဆိုကတည်းက နေ့နေ့ညညဆုတောင်းနေပါသောမင်းကြီး
ယခုလည်း နေမွန်းတည့်တာတောင် မစားမသောက်ပဲ
ဝတ်ပြုနန်းဆောင်၌ဒူးထောက်ဆုတောင်းနေပါသော
သူမတို့၏အစ်မတော်တဖြစ်လည်းမင်းကြီးအား
ယဲ့ချန်းမှာ
စိတ်မသက်သာစွာဖြောင့်ဖျလိုက်လျှင်
ဘုရင်မဝမ်ယွဲ့ကဆို၏

" မဖြစ်ဘူး ယဲ့ချန်း
ညက..ငါ့အိမ်မက်တွေမကောင်းဘူး "

" ဟင်..ဘယ်လို..ဘာအိမ်မက်မက်လို့လဲ "

" ငါတို့စစ်သူကြီးလေ..
သွေးတွေအလိမ်းလိမ်းနဲ့မြင်မကောင်းဘူး
ငါရင်တွေလေးနေလို့ပါဟယ် အဟင့်ဟင့် "

" အီးဟီးဟီး.. ညက ချိုးအော်လည်းမက်တယ်
အရီးတော်..သူ..သူ..!

သူမ၏မယ်တော်ကငိုယို၍ပြောဆိုလိုက်လျှင်
အတူဝတ်ပြုနေသော
အိမ်ရှေ့စံမင်းသမီးလေးယွဲ့ချိုးကပါ လိုက်လံငိုယိုလျက်ပြောဆိုလာသောကြောင့်
ယဲ့ချန်းမှာ တူမဖြစ်သူကိုငေါက်ငမ်းလိုက်လေသည်။

" ဟဲ့..တိတ်စမ်း နမိတ်မရှိနမာမရှိ "

ထိုအချိန်မှာပင် ဝတ်ပြုနန်းဆောင်၏အပြင်ဘက်၌ရပ်နေကြသော
နန်းတွင်းသူထံသို့ နန်းတွင်းရဲမက်တစ်ယောက်မှာ
နားနားကပ်၍တိုးတိုးပြောသွားလေသည်။
ထိုစကားကိုကြားသောအခါ အဆိုပါနန်းတွင်းသူမှာ
ပျာယိပျာယာဖြင့် ဝတ်ပြုအဆောင်ထဲဝင်လာပြီးလျှင်

" မင်းကြီး..မင်းကြီး..
မကောင်းတော့ဘူး..ဟို ဟိုလေ
ရိက္ခာသွားပို့တဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ချုံခိုတိုက်ခံရလို့တဲ့ "

" ဘာ..ဘာ..
အခုဘယ်လိုဖြစ်သွားပြီလဲ "

" နယ်ခြားစခန်းကိုမသွားနိုင်တော့ဘူး
ရှန်းယန် ကိုရန်သူတွေဝိုင်းထားလို့ ဟိုမှာပဲခုခံနေရတယ်တဲ့ "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now