အပိုင်း ၁၆

266 13 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၆)

အခန်း_၁၆(မင်းနှလုံးသားက ငါ့အတွက်မဖြတ်သန်းရနယ်မြေ )

" မင်းသမီးလေး... မင်းသမီးလေး
မင်းကြီးကြွလာတယ်.."

နန်းတွင်သူရဲ့စကားကိုမသိချင်ယောင်ဆောင်နေမိသည်။
ပိုင်ရိကျယ်ဆိုတဲ့လူယုတ်မာက သူမကိုသိမ်းပိုက်ချင်နေတာလေ
နေ့ရှိသရွေ့ သူမတို့အပယ်ခံနန်းဆောင်ကိုလာတယ်
မမယဲ့ရှင်းတောင် သူ့ကိုရန်ပြုလို့ အပြစ်ဒဏ်ခံရပြီးပြီ။

"_မင်းကြီးကိုဂါဝရပြုပါတယ်
_ရပြီ မင်းတို့အားလုံးသွားတော့ "

" မျက်နှာလေးပြပါအုံးဗျာ သတိရနေတာ
ခင်ဗျားလေးကိုတွေ့ချင်လို့လာခဲ့တာကို "

ကျောခိုင်းထိုင်နေတဲ့ သူမနောက်ကျောကိုသိုင်းဖက်ကာပြောလာတဲ့ ပိုင်ရိကျယ်

" ပူတယ်..!

အလိုမကျဟန်စကားဆိုလာသဖြင့်
သူမလေးပုခုံးပေါ်ကသူလက်တွေကိုရုတ်သိမ်းလိုက်မိသည်..
မင်္ဂလာမဆောင်ရသေးတာကတစ်ကြောင်း
မိမိကိုမနှစ်သက်ပုံရသည်ကတစ်ကြောင်းကြောင့် သူ..အတင်းအကျပ်လုပ်မယူလိုပေ
စောင့်မယ်..
သူမလေးမိမိကိုလက်ခံပြီးချစ်လာတဲ့အထိစောင့်မယ်

" ကောင်းပြီ....မင်း အိပ်တော့
ကိုယ်...ကိုယ့်အဆောင်ပဲပြန်လိုက်တော့မယ်
စိတ်ချပါ မင်းရဲ့ခွင့်ပြုချက်မပါပဲကိုယ်မင်းကိုအတင်းအကျပ်မပြုမှုပါဘူး.."

အတင်းအကျပ်မလုပ်ဘူး
မင်း ခွင့်ပြုမှတဲ့လား
ရယ်ရတယ် အိမ်မက်မက်နေတယ်

" အိမ်မက်မက်မနေနဲ့..
ငါ့အချစ်ကိုမပြောနဲ့ခန္တာကိုယ်တောင်မရဘူးမှတ်.."

ဒီလိုတွေအပြောခံရမယ်ဆိုတာသိနေပါရဲ့နဲ့
သူကလာမိတာကိုး

" နင်..ပြန်တော့
နောက်တစ်ခါနင့်မျက်နှာကိုမြင်ရင်
ငါဘာလုပ်မိမယ်မသိဘူး "

သူ့ကိုလေသံမာမာနဲ့ပြောလာတဲ့...ကောင်မ
လေး
ချိုးအော် လိုခေါ်တာကိုမကြိုက်ဘူး
မခေါ်နဲ့တဲ့
ချိုးအော်ဆိုတာကသူမချစ်တဲ့သူတွေသာခေါ်ခွင့်ရှိတဲ့နာမည်တဲ့
ရှင့်အတွက်ကတော့ ယွဲ့ချိုး ဆိုရပြီတဲ့လေ
ဒါကြောင့် ယွဲ့ချိုးပဲခေါ်ခဲ့ရတယ်။

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now