အပိုင်း ၂

442 12 3
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂)

အခန်း_၂ (လနတ်သမီး၏မျိုးဆက်များ )

" ကယ်..ကယ်တော်မူကြပါရှင်
ဘယ်သူ..ဘယ်သူရှိသလဲ..!

သူမတို့ထိုင်နားပြီးမကြာခင်မှာပင်
တောအုပ်ဖက်ဆီမှမိန်းကလေးတစ်ယောက်၏အော်သံကြားလိုက်ရလေသည်။

" ရန်သူ..ရန်သူလား.ဟ.!

" ကယ်ကြပါရှင်..!

ဟော..တွေ့လိုက်ရပါပြီ
အဝတ်အစားတွေဖရိုဖရဲဖြစ်နေသောမိန်းကလေးတစ်ယောက်သူမတို့ဘက်ကိုပြေးလာနေသည်ကို
သူမနောက်မှာတော့ ယောင်္ကျားကြီးငါးယောက်လောက်ကလိုက်ပါလာလေသည်။

" ဟဲဟဲ မိန်းကလေး..
ငါ့မိန်းမလုပ်ပါလား ကောင်းကောင်းဆက်ဆံပါ့မယ်"

သူမတို့ကိုမြင်သွားသောထိုမိန်းကလေးမှာ
အားကိုးတကြီးပြေးလာပြီးလျှင်

" .သခင်မလေးတို့ ကျွန်မကိုကယ်ပါအုံးရှင် "

ထိုမိန်းကလေးမှာပြောလဲပြော
သူမနောက်ကျောဘက်သို့ဝင်ပုန်းလိုက်လေသည်။

"ဟားဟား မိန်းကလေးတွေအများကြီးပါလားဟ
ငါတို့တော့ပွတာပဲ ခေါင်းဆောင်သာသိရင်ဝမ်းသာမှာ..ဟဲဟဲ "

ထွီ..!

ရှောင်ရှန်းကား ထွီခနဲတတွေးထွေးလိုက်ရင်း

" နင်တို့မသေချင်ရင်လာလမ်းအတိုင်းပြန်တော့..
အာ..မဟုတ်သေးဘူး
နင်တို့ပြန်လမ်းမရှိတော့ဘူး
ဘာလို့ဆို ငါတို့နဲ့တွေ့တာကံဆိုးပြီလေ "

ရှောင်ရှန်းကား အေးစက်စက်ပြောပြီးသည်နှင့်ထိုလူငါးယောက်ထံခုန်ဝင်သွားလေသည် ငယ်သားရဲမက်များမှာလည်း တပြိုင်နက်ဝိုင်းကူတိုက်ကြတော့သည်။

" မိန်းကလေး မင်းတယောက်ထဲလား
ဒီတောကြီးထဲမှာလေ "

" မဟုတ်ပါဘူးရှင် ကျွန်မမိဘတွေပါသေးတယ်
သူတို့သတ်လို့သေပြီ
ကျွန်မကိုလဲ..အဟင့်ဟင့် !

စကားဆက်မပြောပဲငိုပဲနေသဖြင့်
အင်း..ဒီလောက်ဆိုသဘောပေါက်ပါပြီ
ထိုမိန်းကလေးမှာပွန်းရာပဲ့ရာတွေကောအိင်္ကျိတွေကောဖရိုဖရဲဖြစ်နေလေသည်။

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now