အပိုင်း ၂၀

433 14 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂၀)

အခန်း_၂၀ ((ဘယ်အချိန်ကမသိ ရင်ထဲတစ်နေရာအသဲညှာကိုခိုဝင်နားတဲ့... )

🎵ဘာကိုမှဂရုစိုက်ပဲ အဝေးကိုလွင့်သွားတဲ့ လေပြေလေးဖြစ်ချင်မိ
ရေခဲအဖြစ်ပြောင်းလဲသွားမယ့်အစား ကိုယ့်ကိုကိုယ်ပဲအဆုံးသတ်လိုက်မယ် 🎵

ဟူးးးဟူးးးးး
ညလေပြင်းနဲ့အတူဝတ်ရုံစတွေလေထဲလွင့်လို့
ဝတ်စုံနက်ဝတ်ထားသောလူတစ်သိုက်မှာ
နန်းတော်ခေါင်မိုးတွေကိုကျော်လွှားကာ
တစ်စုံတစ်ရာကိုရှာဖွေနေကြလေသည်။
ထူးဆန်းသည်မှာ အားလုံးပင်ကြောက်မက်ဖွယ်ရာမျက်နှာဖုဲးကိုယ်စီနှင့်
ထိုသူတို့မှာ အရှေ့နန်းဆောင်၏တစ်နေရာအ
ရောက် ရပ်တန့်သွားကြလေသည်။
တေးသီချင်းသံသဲ့သဲ့နှင့်တူ သူတို့၏ပစ်မှတ်မှာ ထိုနေရာ၌ ဓားသိုင်းကနေသည်ကိုမြင်တွေ့
လိုက်ရ၍ဖြစ်သည်။

🎵 နှင်းစက်တွေဟာအထီးကျန်တဲ့လောကကြီးကို အေးစက်မှုတွေပဲသယ်ဆောင်လာတာနှမြောစရာပဲ
ဒီခရီးလမ်းက အေးစက်ပြီးခါးသီးနေတာကိုလည်း နှမြောမိတယ် 🎵

လေတိုးသံနှင့်အတူ သူမ၏အနီးပတ်ဝန်း
ကျင်သို့ကျရောက်လာတဲ့
အနက်ရောင်လူရိပ်များ
စုစုပေါင်းဆယ်ယောက်ခန့်ရှိသည့်အပြင်
အားလုံးမှာမျက်နှာဖုံးကိုယ်စီဖြင့်
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကြမှ ရန်လိဟန်မရှိတာနှင့်ကြုံကြိုက်နေလေသည်။

" မင်းတို့ဘယ်သူတွေလဲ
ဘာလို့နန်းဆောင်ကိုကျူးကျော်လာတာလဲ "

" မင်းကိုတမလွန်ပို့မဲ့ မင်းရဲ့သေမင်း"

ပြောပြီးသည်နှင့်တပြိုင်နက်တရစပ်ပင် သူမဆီအတင်းဝင်တိုက်ခိုက်လာကြသောရန်သူများအား သတိအနေအထားဖြင့်
ပြန်လည်တိုက်ခိုက်ရတော့သည်။
မတိုက်ခိုက်လို့လည်းမရ တဖက်ကအသေသတ်ဖို့လာတာ။
အချိန်တစ်ခုအထိတိုက်ခိုက်ပြီးနောက်
သူမလည်းဒဏ်ရာရသွားသလို တဖက်လူတွေမှာလည်းအခြေအနေမဟန်တော့
တိုက်ခိုက်သံတွေကြောင့်လားမသိ သူမနေထိုင်ရာအဆောင်ရှိ နန်းတွင်းသူတစ်ချို့၏
ဆူဆူညံညံအော်ဟစ်သံတွေကြားလိုက်ရပြီးနောက်

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now