အပိုင်း ၂၁

303 15 4
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂၁)

အခန်း_၂၁ (ကံကြမ္မာရဲ့ကျီစယ်မှု့လား ကျိန်စာလား ဘယ်လိုပဲဖြစ်ဖြစ် ချစ်မိသူရဲဲ့အပြစ်ပါပဲ )

" ရှောင်ယွဲ့... ရှောင်ယွဲ့...
မသွား....မသွားပါနဲ့.."

သူမဘေးမှာ ဟိုမိန်းမနာမည်ခေါ်ကာယောင်နေတဲ့ အိမ်ရှေ့စံ
လူကသာသူမဘေးမှာအိပ်စက်နေတာ
စိတ်က ဟိုမိန်းမဆီမှာ
ကြင်ယာတော်မေယွမ်တစ်ယောက် မိမိခင်ပွန်းကိုပဲမုန်းတီးရမလား
ဟိုမိန်းမကိုပဲမုန်းတီးရမလား မပြောတတ်တော့ပေ
ငယ်သူငယ်ချင်းမလို့လားမသိ
သူမအပေါ်တော့ ကောင်းကောင်းမွန်မွန်
ဆက်ဆံပေးတာတော့အမှန်
ဒါပေမယ့်လို့..
မင်္ဂလာဦးညကလွဲလို့ သူမကိုလက်ဖျားနဲ့တောင်မထိတော့ပေ
မယ်တော်ကတိုက်တွန်းလို့သာ ညဘက်တွေလာအိပ်ပေမဲ့လို့
အဟက်..အိပ်ရုံပါပဲ ။

" ရှောင်....ယွဲ့..!

ချွေးတွေရွဲကာအိပ်ရာကလန့်နိုးလာတဲ့ ရန်လိဟန်

"အိမ်ရှေ့စံ..ရရဲ့လား
ရော့...ရေသောက်လိုက်ပါဦး "

သူမငှဲ့ပေးတဲ့ရေကို တစ်ကျိုက်တည်းမော့
သောက်ပြီးသည်နှင့်

" မေယွမ်.. တောင်းပန်ပါတယ်
ငါ..သွားတော့မယ် "

ပြောလဲပြော ဝတ်ရုံထဝတ်ကာသူမနန်းဆောင်ကနေပြန်သွားတဲ့ အိမ်ရှေ့စံ

" ရန်ဆန်း !
ငါ..နောက်ဆိုဘယ်မိန်းမဆီမှမသွားတာအကောင်းဆုံးပဲ '

" ဗျာ ဘာလို့လဲ....!

အိမ်ရှေ့စံမိဖုရားအဆောင်ကနေ ညကြီးမင်းကြီးကတိုက်ကရိုက်ပြန်ထွက်လာပြီးနောက် ပြောလာတာက
ဘယ်မိန်းမဆီမှမသွားတော့ဘူးတဲ့
ဘယ်တုန်းကရောသွားဖူးလို့တုန်း
ခုတောင် မိဖုရားကြီးကအတင်းအကျပ်ခိုင်းစေလို့သွားတာကို ချက်ချင်းပြန်ထွက်လာပြီး
ငါတို့အရှင့်သားတော့ ယွဲ့ထိုက်ရင်းဆီမှာ
လုံးဝဆေးမိနေပြီပဲ ဟူးးးးး

" ဘာလို့ရမှာလဲ
ငါ..မိဖုရားဆီသွားတိုင်း ရှောင်ယွဲ့ကိုအိမ်မက်မက်တယ်
သူ..အိမ်မက်ထဲမှာငိုနေတယ်ကွ
တခြားမိန်းမတွေနဲ့အိပ်တာသဘောမကျလို့ထင်တယ် "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now