အပိုင်း ၁

1K 25 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁)

နိဒါန်း_(ဒဏ္ဍာရီလာမိန်းမလှတိုင်းပြည် )

ဘီစီ ၂၂၁ ချင်မဆက်မတိုင်ခင် ပထမဆုံးဧကရာဇ် ရှီဟွမ်တိမတိုင်ခင်ကာလ
ခြောက်ပြည်ထောင်ခေတ်
နိုင်ငံငယ်များဖြင့်တကွဲတပြားဖြစ်နေသောအချိန်ကာလ
ခြောက်ပြည်ထောင်ထဲတွင်မပါဝင်သောဒဏ္ဍာရီလာတိုင်းပြည်တစ်ခုရှိ၏။
မိန်းမလှတိုင်းပြည် (သို့) ဟွားနိုင်ငံ
နှင်းတောင်တန်းတွေကာရံထားသောတိုင်းပြည်၊
သဘာဝကပေးတဲ့ခံတပ်ကြီးသဖွယ်
မည်သည့်နိုင်ငံကမှကျူးကျော်ဝင်ရောက်ရ်ျ
မရသောနိုင်ငံ၊

ဤမိန်းမလှတိုင်းပြည် ဖြစ်ပေါ်လာရတဲ့သမိုင်းကြောင်းကားဒဏ္ဍာရီဆန်လှ၏
လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က
လနတ်သမီး နှင့်အခြွေအရံများသည်
ဤနှင်းတောင်တန်းသို့လာရောက်ပျော်မြူးကြရာ ထိုဒေသရှိနတ်ရေကန်မှရေကိုသောက်သုံးမိကြ‌လေသည်။
ထိုနောက်..
နတ်ပြည်သို့ပြန်ရောက်ပြီးမကြာခင်ကိုယ်ဝန်ရှိကုန်ကျပါသတဲ့
ထို့ကြောင့် နတ်ပြည်မှတိတ်တဆိတ်ထွက်လာပြီးနောက် ဤဒေသတွင်နန်းစိုက်နေထိုင်ရာမှမိန်းမလှတိုင်းပြည်ဖြစ်တည်လာခြင်းဖြစ်သည်။

မိန်းမလှတိုင်းပြည်တွင် မိန်းကလေးများသာရှိ၍ အုပ်ချုပ်သူ မျိုးနွယ်စုဝင်များမှာ ယွဲ့ (လ )ဟူသောမျိုးနွယ်အမည်ကိုခံယူကြသည်။
ရိုးရိုးအရပ်သူ နှင့် နန်းတွင်းသူများမှာအရွယ်ရောက်လာပါက
နတ်ရေကန်မှရေကိုသောက်ကာမျိုးဆက်ပြန့်ပွားရသည်။
မွေးဖွားလာသောမိန်းကလေးများကားပန်းလေးတစ်ပွင့်နှယ်လှပကြကုန်၏။
ထိုနတ်ရေကန်ကား ဟွားတိုင်းပြည်၏
အထွတ်အမြတ်ပင်ဖြစ်ပေသည်။

အခန်း_၁

< လနတ်သမီး၏ကိုးဆက်မြောက်မျိုးဆက်
ဘုရင်မဝမ်ယွဲ့အုပ်စိုးသောကာလ >

" မင်းကြီးကိုဂါဝရပြုပါတယ် "

ဘုရင်မဝမ်ယွဲ့ ဝင်လာသည်နှင့်
မှူးမတ်များမှာညီညာစွာဆိုလျက်ဂါဝရပြုလိုက်ကြလေသည်။

" ရပြီ....ထကြတော့
မကြာခင်အိမ်ရှေ့စံရဲ့အရွယ်ရောက်မွေးနေ့ပွဲရောက်တော့မယ်
ဘာတွေများစီစဉ်ထားသလဲ
ငါဘုရင်မကိုလျှောက်တင်စမ်း "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now