အပိုင်း ၆

252 13 1
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၆)

အခန်း_၆ (ရန်သူဆိုတာဘယ်တော့မှ သနားငဲ့ညှာခြင်းမရှိ )

" ဟာ..ဟင်..ဟယ်..!

သွားပြီ..!
ပိုင်ရိကျယ်တို့ဖက်မှလူတွေဆီမှ
တစ်ယောက်တစ်ပေါက်အာမေဋိတ်သံတွေထွက်လာကြလေသည်။
အကြောင်းကား
ချောင်ယာခေါင်းဆောင်မှာ ခေါင်းပြတ်သွားသောကြောင့်ပင်
အဆိုပါခေါင်းပြတ်ကြီးကိုင်ကာ ဟန်ရေးပြနေသောထိုက်ရင်း
တိုက်ပွဲထဲသို့ဝင်ဝင်ချင်းမှာပင် ယွဲ့ထိုက်ရင်းဆီဝင်သွားသော
ချောင်ယာခေါင်ဆောင်ကတော့ မရှုမလှသေရှာပြီ
ဟိုကတစ်ချက်ထဲခေါင်းဖြတ်ချသွားတာပင်။

" ဝါး...တော်လိုက်တာ "

ရန်လိဟန် ဆီမှချီးကျူးသံထွက်လာသလို
ဟွားရဲမက်တွေ၏ကြွေးကျော်သံတွေ ကြောက်ခမန်းလိလိ

" ဝေးးးး ဟေးဟေး
စစ်သူကြီးကွ..ဒါမှ..ငါတို့စစ်သူကြီး..!

ထိုအချင်းအရာကိုမြင်ပြီး ကြောက်လန့်နေကျသော
ကျင်းနှင့်ဆွေ့တိုင်းပြည်မှ ရဲမက်ငယ်သားတွေ

" ဝါး....စစ်နတ်ဖုရားမတဲ့
ယွဲ့ထိုက်ရင်း ဟွားတိုင်ပြည်ရဲ့လမင်း
နာမည်ကြားဖူးနေတာကြာပြီခုမှလက်တွေ့ကြုံရတယ် "

"ရန်လိဟန်..!
မင်းက ငါ့တို့လူလားသူ့လူလားကွ "

ပိုင်ရိကျယ်တစ်ယောက် ဤနှယ်မကျေမနပ်မေးလိုက်လျှင်
ရန်လိဟန်မှာခပ်ဟဟရယ်လျက်

" စိတ်မဆိုးပါနဲ့ ရိကျယ်ရ
ရန်သူဆိုပေမဲ့သူရဲကောင်းကိုလေးစားရမယ်ဆိုတဲ့စကားတောင်ရှိတယ်လေ "

" အေးပါကွာ
အဲ့ဒိ မာန်ထောင်နေတဲ့မိန်းမကို ငါကိုယ်တိုင်ဖမ်းပြီးမာန်ချိုးပြမယ် "

" ဟေး..တက်ကြစမ်း မကြောက်နဲ့
မင်းတို့တွေ ယောင်္ကျားမဟုတ်ဘူးလာကွ..ဟေ
တက်ကြ တိုက်ကြစမ်း.."

သူကိုယ်တိုင်လဲအော်ဟစ်အမိန့်ပေးကာ
ယွဲ့ထိုက်ရင်းထံမြင်းကိုဒုန်းစိုင်းစီးဝင်သွားတဲ့ ပိုင်ရိကျယ်

ဓားချင်းထိသံ..လှံချင်းထိသံ
အော်ဟစ်သံတွေကား ငရဲပွက်သည့်အလာ

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now