အပိုင်း၁၈

301 13 5
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၈)

အခန်း_၁၈(ငါ့ကိုနင်ပိုင်ပြီထင်ရင်မှားလိမ့်မယ် )

လိဟန်..သူထွက်သာထွက်လာရတယ်
စိတ်ကမဖြောင့်ပေ..
ဟိုမိန်းမဘာတွေတွေးပြီးဘာတွေကြံနေတာတုန်း..
မိန်းမတွေစိတ်ကိုမှန်းမရပေ..

" အရှင့်သား..!
ဘာတွေများတွေးနေတာလဲ
ယွဲ့ထိုက်ရင်းကိုစိတ်မချလို့လား "

" ဟားးး မင်းရော
အဲ့ဒိမိန်းမက ငါတို့မရှိတုန်း မင်းဇနီးကိုခေါ်ပြီးထွက်ပြေးသွားမှာမစိုးရိမ်ဘူးလား "

" အာ.. အရှင့်သားစိုးရိမ်နေတာဒါလား
စိုးရိမ်ရန်ကော အရှင့်သားရယ်
ယွဲ့ထိုက်ရင်းဘယ်လောက်ပဲတော်ပါစေဦး
မျိုးနွယ်ခြောက်ခုလက်ကတော့လွတ်အောင်မပြေးနိုင်ပါဘူး
ဒီက ကျွန်တော့်နယ်မြေလေဗျာ "

မုရုံချန်းကတော့ ယုံကြည်ချက်တွေအပြည့်နဲ့
လိဟန်..သူစိတ်ပူနေတာက တခြားအကြောင်းကြောင့်ပါ
သူတို့တွေ ဒီနေ့နန်းတွင်းထဲဝင်လာတာ..
မင်းကြီးအသစ်နန်းတက်ပွဲကို ရိကျယ်လဲလာမယ်ထင်တယ်
ဟိုမိန်းမက..
ညကရောက်ရောက်ချင်း သူ့တူမကိုအရင်တွေ့မယ်ဆိုတာကြောင့်
မြို့တော်ဆီခရီးမဆက်ဖြစ်တော့ပဲ
လုံမျိုးနွယ်စုထံအရင်ဝင်ခဲ့လိုက်တာ
ယခုတော့ နန်းတက်ပွဲကိုတောင်မလိုက်တော့ပဲ ယွဲ့ဟွားကိုအကြောင်းပြပြီးကျန်နေခဲ့တယ်
ဒါကြောင့်စိတ်ပူနေတာ
ဒီမိန်းမဘာတွေကြံစည်နေတာလဲ။

ရန်လိဟန်တွေးထင်ထားသလိုပင်
လုံမျိုးနွယ်စုကျေးရွာ၌ကျန်ရစ်ခဲ့သော ယွဲ့ထိုက်ရင်းမှာ
မျိုးနွယ်ခြောက်ခုမှ ခေါင်းဆောင်တစ်ချိုနဲ့လူကြီးတစ်ချို့ကိုဖိတ်ကြားလျက်
အစည်းအဝေးလုပ်နေလေသည်။

" ဘာ..
ဟွားကိုပြန်သိမ်းဖိူ့ ကျုပ်တို့ကမင်းကိုကူညီရမယ်ဟုတ်လား."

" ဘာလဲ ခင်ဗျားက ကျုပ်တို့ကိုသစ္စာဖောက်ခိုင်းနေတာလား "

" မဟုတ်ဘူး ငါ့ကိုသစ္စာခံခိုင်းနေတာ "

" ဒီမိန်းမကတော့လေ ပေါ့သေးသေးမဟုတ်ပါလား
ကျုပ်တို့ကိုဘာထင်နေတာလဲ "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now