အပိုင်း ၁၂

258 12 5
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၂)

အခန်း_၁၂ (မင်းအမုန်းတွေနဲ့ရှင်သန်မိတဲ့ငါ့ဘဝမှာ )

မနက်ခင်းနေရောင်ခြည်နုနုက
မျက်နှာကျက်ကိုဖြတ်ကာ မျက်နှာပေါ်သို့လာကျသဖြင့်
မျက်လုံးတွေမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လိုက်မိသည်။

" _နိုးပြီလား..!
_ဘာ ဘာလုပ်တာလဲ "

သူမကုတင်ဘေးမှာ မေးထောက်ကြည့်နေတဲ့ ရန်လိဟန်
မျက်နှာကြီးကလည်းပြုံးလို့
ထိုအပြုံးကို သူမသိပ်မုန်းပါသည်
အောင်ပွဲရသူတို့၏အထက်စီးကအောင်နိုင်သူအပြုံးမျိုးလေ
ထို့ကြောင့် အနှီးမျက်ခွက်ကိုလက်နှင့်ရွယ်လိုက်လျှင်
ဟိုကလည်းကြိုသိနေသည့်အလား
ရှောင်တိမ်းလျက် လက်ကိုဖမ်းဆွဲထားလေသည်။

" နိုးရင်လည်းထတော့ အမြန်လုပ်
မင်းကြီးနဲ့မင်းကို မိတ်ဆက်ပေးဖို့စောင့်နေတာ "

" ဟင် !

ငါ ဘာလို့များနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရပါလိမ့်
ဒီလတွေအတွင်း ကောင်းကောင်းမအိပ်မစားနိုင်တာကြာပြီကို
ရန်သူ့တိုင်းပြည်ထဲဝင်မှ
ရန်လိဟန်သာ လူသတ်သမားဆို ငါသေသွားတာကြာပြီ။
သူမ၏အတွေးကို ဟိုကလည်းရိပ်မိပုံရသည်ထင်ပါသည်။
ခပ်ဟဟရယ်ရင်း

" မင်းကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါစေဆိုပြီး ငါက ဆေးဖယောင်းတိုင်ထွန်းပေးထားတာလေ
မသိဘူးလား "

ထိုအခါမှ ညတုန်းက
အခန်းထဲမှာ ဖယောင်းတိုင်ထွန်းပေးတာကိုသတိရသွားမိသည်။
ထို့ကြောင့် ကပျာကယာလူးလဲထ၍
ခန္တာကိုယ်တွင်းရှိအတွင်းအားတို့ကိုစုစည်းကြည့်မိသည်
တော်သေးတယ် အဆိပ်မမိဘူး
ထိုအချိန်မှာပင် အခန်းထဲကလှည့်ထွက်ရန်ပြင်နေသော
ရန်လိဟန်မှာပြန်လှည့်လာလျက်

" ဒါနဲ့ မင်း..ဘာစားချင်တာများရှိလဲ
ရှိရင် နန်းတွင်းစားဖိုဆောင်ကိုလုပ်ခိုင်းလိုက်မယ်
လိုအပ်တာ လုပ်ချင်တာရှိရင်လည်းပြော  "

" အဟက် !
စားချင်တာလား
အခုလက်ရှိကတော့ မင်းကိုအစိမ်းလိုက်ဝါးစားချင်တာ
လုပ်ချင်တာက မင်းနဲ့ပိုင်ရိကျယ်ကိုသတ်ချင်တာလေ
ဘာလဲ ဖြည့်ဆည်းပေးမှာလား "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now