အပိုင်း၁၃

307 14 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၁၃)

အခန်း_၁၃ (မင်းနှလုံးသားက ငါ့အတွက်မဖြတ်သန်းရနယ်မြေ )

" ငြိမ်ငြိမ်နေ မဟုတ်ရင်ပစ်ချလိုက်မှာနော်
မင်းကိုထိချင်ကိုင်ချင်လွန်းလို့မဟုတ်ဘူး
ဆေးထည့်ပေးမလို့ "

"_ ဖယ်..ဖယ်စမ်း.. သွားတော့..!
_ဘာလုပ်တာလဲ.. ဟ..ဟမ် "

ဆေးလိမ်းပြီးတာနဲ့ချက်ခြင်းပင်
သူ့ကိုခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့ ထိုက်ရင်း

" မင်း...အတင့်ရဲလှချည်လား
မင်းကို ငါသတ်မှာမကြောက်ဘူးလား "

" အဟက်ဟက်.. !
သတ်မယ်
ငါကသေသွားတာကြာပြီ အခုနင်တို့ခေါ်လာတာအခွံသက်သက်ပဲ
ခန္ဓာကိုယ်ကိုသာကျွန်ပြုလို့ရချင်ရမယ်
ငါ့စိတ်နဲ့ငါ့နှလုံးသားကတော့ အမြဲတမ်းသခင်ပဲ "

ဒီအဖွားကြီးကတော့လေ ဘယ်လိုမှကြင်နာမှုနဲ့မထိုက်တန်တာ
ကြည့် မာန်တက်ပြီးဘဝင်မြင့်နေပုံက
တစက်မှအချိုးမပြေဘူး။
သူ့ဘဝမှန်ကိုဖုံးကွယ်ပြီး အစေခံယောင်္ကျားတစ်ယောက်အနေနဲ့ပဲအသိပေးထားတာကို
ရန်စမဲ့စတော့လဲ အိမ်ရှေ့စဲမိဖုရားကိုမှ
မိဖုရားကအရင်စတယ်ဆိုပေမဲ့ အထိန်းတော်ကြီးကို လက်ပါတဲ့အထိတော့မလုပ်သင့်ဘူးလေ
ကိုယ်က သူ့ကိုယောင်္ကျားလေးတစ်ယောက်အနေနဲ့ပြောထားတာ
ယောင်္ကျားတစ်ယောက်က အသက်ကြီးနေတဲ့အမျိုးသမီးကြီးတစ်ယောက်ကို
ပါးရိုက်သတဲ့ ဖြစ်သင့်လား

" မင်း..မင်းကိုယ်မင်း ခုထိ
ဟွားတိုင်းပြည်ရဲ့လမင်းလို့ထင်နေသေးပုံပဲ
ခု ဒီမှာ မင်းကဘာမှမဟုတ်ဘူး
အိမ်ရှေ့စံမိဖုရားက ဒူးထောက်ဆိုထောက်လိုက်ပေါ့
ဒါ နန်းတွင်းမှာရှိတဲ့လူတိုင်းလုပ်ရတဲ့ဝတ္တရားပဲ ဘာက ပြဿနာလဲ
မင်းအတွက်အပန်းကြီးနေလို့လား "

" အပန်းကြီးတာပေါ့
ငါက မွေးကတည်းက ဘယ်သူ့ကိုမှဒူးထောက်ဖူးတာမဟုတ်ဘူး
သူလိုပမွှားလေးမပြောနဲ့
ကောင်းကင်မင်းကြီးကိုတောင်ဒူးထောက်ခဲ့တာမဟုတ်ဘူး
ပြီးတော့ ငါ့ကို မင်းတို့လို
သာမန်လူသားတွေနဲ့တတန်းထဲမသုံးနှုန်းနဲ့
ငါက မင်းတို့လိုသာမန်လူမဟုတ်ဘူး "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now