အပိုင်း ၂၂

257 18 0
                                    

Unicode

မျှော်ကာမှန်းရည်အိမ်ပြန်လမ်းဆီ(၂၂)

အခန်း_၂၂ (ခဏတာခိုဝင်နားခဲ့ရုံနဲ့
ငါ့ရင်ခွင်တခုလုံးအညှာကြွေမျိုးတုန်းသွားခဲ့တယ် )

" မိဖုရားကြီးကိုဂါဝရပြုပါတယ်..
ကျွန်ုပ်ကိုခေါ်တာဘာအကြောင်းကိစ္စများရှိလို့ပါလဲ "

" မင်း..အခု..နန်းတော်ကနေထွက်သွားသင့်ပြီလို့မထင်ဘူးလား "

သူမကိုခေါ်နေတယ်ဆိုလို့ ရန်လိဟန်နဲ့ကိစ္စမှ
ဟုတ်ရဲ့လားလို့တွေးနေတာ
ထင်တဲ့အတိုင်းဖြစ်နေတယ်
ဘာလဲဟ ဒီလောက်မြန်တယ်
ဒီမိဖုရားကြီးက စိတ်လောတာပဲ
ငါက ကစားပွဲတောင်သေချာမဆော့ရသေးတာကို
ဒီတိုင်းလွယ်လွယ်နဲ့ထွက်သွားစရာလား

" မိဖုရားကြီးက..
ကျွန်ုပ်ကိုနှင်ထုတ်နေတာလား "

" မဟုတ်ဘူး မင်းကို လွတ်လပ်ခွင့်ပေးနေတာ
မင်းက..လိဟန်ကိုတကယ်မချစ်ပါဘူး
မင်းလိုချင်တာ လွတ်လပ်ခွင့်မလား "

" ကျွန်ုပ်လိုချင်တာ လွတ်လပ်ခွင့်မဟုတ်ဘူးကျွန်ုပ်ရဲ့တိုင်းပြည်ပါ
မိဖုရားကြီးကပေးနိုင်လို့လား "

ဘယ်လောက်မုန်းဖို့ကောင်းလိုက်ပါသလဲ
ထီမထင်တဲ့အမူအရာနဲ့လှောင်ရယ်နေတဲ့မျက်နှာပေးက အင်မတန်မှကျက်သရေတုံးလှပါရက်
ဒါနဲ့တောင်အလှမပျက်တဲ့ ထိုမိန်းမကိုမနာလိုလည်းဖြစ်မိပါသည်။
မိမိထက်အသက်အများကြီးကြီးပေမဲ့လို့
နုပျိုပြီးမသေမျိုးဖြစ်နေတာကိုလည်းအားကျမိသည်။

" မင်း..လိဟန်အနားမှာဆက်နေရင်ကော
မင်းတိုင်းပြည်ကိုပြန်ရမှာမို့လို့လား "

" အနည်းဆုံးတော့ ကျွန်ုပ်စိတ်ကျေနပ်အောင်
သူ့ကို..ဆော့ကစားလို့ရတယ်လေ
ခုတောင် မိဖုရားကြီးစိတ်ဆင်းရဲနေပြီမလား "

သားမိုက်
ဒီလိုမှန်းငါထင်သားပဲ
ဒီမိန်းမက အစကတည်းကအကြံအစည်ရှိမှန်းငါသိသားပဲ
လိဟန်ကိုအသုံးချချင်နေတာ
ဒါကို သားမိုက်ကသိရက်နဲ့စုံလုံးကန်းနေတာလေ

" မင်း....မင်း..ဘာဖြစ်ချင်တာလဲ
ဘာလိုချင်တာလဲပြော
ဘယ်လိုလုပ်ပေးမှ လိဟန်ဘေးနားကထွက်သွားမှာလဲ "

မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)Where stories live. Discover now