Discription(Uni & Zawgyi)

36.5K 1.8K 126
                                    

 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။

နားလည်မှု လွဲမှားတာ တစ်ခုကြောင့် ဝတ္ထုထဲ က ဆန်ကုန်​မြေ​လေး Gong က သူ့ရဲ့ အချစ်ဦး လ​ရောင်ဖြူ​လေးနဲ့ ကွဲကွာသွားခဲ့သည်။ အသဲကွဲပြီး​နောက် သူ့ရဲ့ စရိုက် က လုံးဝ ပြောင်းလဲသွားကာ သုန်မှုန်၍ စိတ်တိုတတ်လာသည်။ မတော်တဆ၊ ပိုင်ယွဲ့ကွမ်းနဲ့ အချက် ၅ချက်​လောက် တူတဲ့ တစ်​ယောက်ကို ​တွေ့လိုက်ပြီး အစားထိုးဖို့ ချက်ချင်းပဲ သူ့ကို လိုက်ခဲ့သည်။

အဲဒီ အမြောက်စာ ဇာတ်ဆောင်ကို ပိုင်ယွဲ့ကွမ်း တရုတ် ကို ပြန်မရောက်ခင် အချိန်အထိ ​ဘေးနား ​ခေါ်ထားခဲ့ပြီး ပိုင်ယွဲ့ကွမ်း ပြန်​ရောက်လာတာနဲ့ ဆန်ကုန်​မြေ​လေးGong က သူ့ကို ကန်ထုတ်ပစ်ခဲ့သည်။ အ​မြောက်စာ ဇာတ်​ကောင် က သူ့ကို အစားထိုး အသုံးချခံခဲ့ရတာ ကို သိလိုက်ရပြီး နောက်ဆုံးမှာတော့၊ ဆန်ကုန်​မြေ​လေး Gongနဲ့ ပိုင်ယွဲ့ကွမ်း​တို့ကြောင့် ရူးသွပ်သွားခဲ့သည်။ ​သေဆုံးသွားချိန်အထိ စိတ်ကျန်းမာရေး ဆေးရုံတွင် ပိတ်လှောင်ခံထားခဲ့ရသည်။

ပိုင်ယွဲ့ကွမ်း အသုံးချတာ ခံခဲ့ရတဲ့ ဗီလိန်​ဘော့စ်ကြီးကလည်း အရမ်း ကြေကွဲဖွယ်ကောင်းတဲ့ အဆုံးသတ် ကို ခံစားခဲ့ရတယ်။ ဆန်ကုန်​မြေ​လေး Gongရဲ့ တိုက်ခိုက်မှုကြောင့် သူ့မိသားစု ပြိုလဲသွားပြီးနောက် မိသားစုပိုင် ပစ္စည်း​တွေ ကို ပေါင်နှံကာ မကြာမီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။

စာရေးဆရာ က ဇာတ်လိုက် အနိုင်ယူတာ ခံရဖို့အတွက် ဗီလိန်ရဲ့ စဥ်းစားဉာဏ် ဆုံးရှုံးသွားအောင် အတင်းအကြပ် တွန်းအားပေးထားတာ ကို ဖတ်ပြီးနောက် မ​နေနိုင်ဘဲ commentထဲမှာ ဂုဏ်ယူစွာနဲ့ စာကြောင်း တစ်ကြောင်း ချန်ထားခဲ့တယ်-

"ငါသာ အဲဒီ အ​မြောက်စာ ဇာတ်​ကောင် ဖြစ်လာရင်၊ အဲဒီ ခွေးကောင်တွေကို အဆုံးထိ အသက်ရှင်ခွင့် ​ပေးမှာ မဟုတ်ဘူး"

အဲဒီလို ​ရေးပြီးနောက်မှာ​တော့ သူက အဲဒီဝတ္ထုရဲ့ အမြောက်စာ ဇာတ်​ကောင်​လေး ဖြစ်လာခဲ့သည်။

ချီဟန် : "........."

....မဟုတ်ဘူးမလား? Comment ကို အခု ဖျက်မယ်ဆိုရင် နောက်ကျသွားပြီလား?

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now