Chapter 31

8.9K 1.3K 14
                                    

  ညက အိပ်မက် လှလှလေး မက်ခဲ့တယ်။

ချီဟန် မနက် ၉နာရီ ထိုးတဲ့အထိ မနိုးသေးပေ။

ပြတင်းပေါက် အပြင်ဘက်ရှိ နေရောင် က လိုက်ကာတွေမှ တဆင့် အခန်းကို လင်းထိန်စေသည်။

ချီဟန် ခါတိုင်းလို အိပ်ရာထကာ ကြောင်တောင်တောင်ဖြင့် ထိုင်နေသည်။ သူ့မျက်လုံးတွေ က သူ့လက်ကောက်ဝတ်မှာ ချည်ထားတဲ့ အနီရောင်ကြိုးကို စိုက်ကြည့်နေခဲ့ပြီး မိနစ် အနည်းငယ် ကြာပြီးနောက်မှ သူ့မှတ်ဉာဏ်တွေ ပြန်ရောက်လာခဲ့သည်။

ဒါက.. ရုန်ရှူ!

သူ အမြန် ဆင်းပြီး  ဖိနပ်စီးကာ ရုန်ရှူရဲ့ ‌အခန်းဆီ ပြေးသွားသော်လည်း အခန်းက လွတ်နေခဲ့သည်။

ကုတင် က စောင်ကို သပ်သပ်ရပ်ရပ် ခေါက်ထားပြီး၊ ရှဥ့်ရုပ်လေး က ခေါင်းအုံးကို မှီထားဆဲဖြစ်သည်။ ပြတင်းပေါက် က တစ်ဝက်ပွင့်နေပြီး ဖောက်ထွင်းမြင်ရတဲ့ အဖြူူရောင် လိုက်ကာတွေ က လေကြောင့် ညင်သာစွာ လွင့်နေသည်။

ပြောပြလို့ မရနိုင်တဲ့ ခံစားချက်တစ်ခု ရှိနေသည်။

ချီဟန်ရဲ့ ဆံပင်တွေ ရှုပ်ပွပြီး အသိပြန်ရလာချိန်မှာပဲ အောက်ထပ်ကနေ ရုတ်တရက် အသံထွက်လာသည်။

သူ လှေကားဆီသို့ ခြေလှမ်း အနည်းငယ်လှမ်းကာ အောက်ကို ငုံ့ကြည့်လိုက်တော့ ရုန်ရှူရဲ့ အေးစက်နေတဲ့ မျက်လုံးတွေ ကို တွေ့လိုက်ရသည်။

ထိုမျက်လုံးထဲရှိ နှင်းခဲတွေ က ရုတ်တရက် အရည် ပျော်သွားပြီး အပြုံးလေးတွေ ပေါ်လာသည်။

"နိုးပြီလား?"

‌ခြံဝင်းထဲတွင် ပန်းအချို့ စိုက်ပျိုးထားပုံရပြီး နွေရာသီရဲ့ နွေးထွေးတဲ့လေ က ပြတင်းပေါက်မှ ဝင်ရောက်လာကာ ပန်းရဲ့ရနံ့တွေ ကို သယ်ဆောင်လာ၍ လန်းဆန်းစေသည်။

ချီဟန် အသက်ပြင်းပြင်း ရှူလိုက်တာနဲ့ တစ်ကိုယ်လုံး ပိုနိုးကြားလာသည်။

"မနေ့ည က ခြေထောက် နာသေးလား?"

သူ့ဆံပင်တွေကို သပ်လိုက်ပြီး အောက်ထပ်ကို ဆင်းသွားခဲ့သည်။

ဒါက ထင်ယောင်ထင်မှား ဖြစ်တာလား မသိပေမယ့် လေထဲမှာ ကြက်သွန်မြိတ် ကိတ်မုန့်ရဲ့ အနံ့လေးတွေ ရှိနေပုံ ရသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now