Chapter 13

9.4K 1.4K 17
                                    

ချီဟန် ချဉ်းကပ်လာတဲ့အခါ ရုန်ရှူရဲ့ ခန္ဓာကိုယ်သည် မသိစိတ်က တောင့်တင်းလာသည်။ သူ ဒီလူနဲ့ ထိတွေ့‌‌ ပြောဆိုခြင်း မပြုသင့်တာ ကို ရှင်းရှင်းလင်းလင်း သိသော်လည်း အချိန်တိုင်း သူ့ကို ဂရုမစိုက်ဘဲ မနေနိုင် ဖြစ်နေသည်။

ရုန်ရှူရဲ့ နှလုံးသား က သူ့စိတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ကျန်းယောင်နင်း က ချီဟန်ဟာ သူ့ကို တွန်းချတယ်လို့ ပြောခဲ့တဲ့အတွက် မရေမရာ ဖြစ်နေတဲ့ မှတ်ဉာဏ်တွေ က ပိုရှင်းလင်းလာပြီး အဲဒီနေ့တုန်းက ချီဟန်ရဲ့ မျက်နှာပေါ်က အမူအရာကိုတောင် မှတ်မိနေသေးသည်။ .

သဘောကျနေတဲ့ အပြုံးမျိုး ပြုံးနေခဲ့တယ်။

သူ ကြိုက်တဲ့သူ က ဖန်းကျင်းလော်ပဲ။

အဲဒီ အကြောင်းကို သူ တွေးလိုက်မိတိုင်း ရုန်ရှူရဲ့ နှလုံးသားထဲ၌ ဆိုးသွမ်းတဲ့ အတွေးတွေ ထွက်ပေါ်လာသည်။

သူ့မျက်နှာ ကို အစိတ်စိတ် အမွှာမွှာ စုတ်ဖြဲပစ်လိုက်ချင်တယ်၊ ပြီးရင် တန်ဖိုးထားပြီးတော့ အကြောက်တရားကို နည်းနည်းချင်းစီ ဝါးမြိုခိုင်းရမယ်။

ဒါပေမယ့် သူ့အကြည့်တွေ က ချီဟန်ရဲ့ သန့်စင် ကြည်လင်တဲ့ မျက်လုံးတွေ ကို ကြည့်လိုက်တာနဲ့ အဲဒီအတွေးတွေ က သဲလွန်စတောင် မရှိတေ့ဘဲ ပျောက်ကွယ်သွားသည်။

နေရောင်အောက်မှာ အရည်ပျော်သွားတဲ့ နှင်းတွေလိုပဲ အညစ်အကြေးတွေ အားလုံး သန့်စင်သွားသည်။

ရုန်ရှူ က ချီဟန့် ကို သံသယဖြင့် ကြည့်လိုက်သည်၊ ဘာ့ကြောင့် သူ့မှာ ခွဲခြားလို့ မရတဲ့ ခံစားချက်တွေ အမြဲတမ်း ရှိနေရသနည်း ၊ သူ့အရှေ့ က လူသည် ထိုကဲ့သို့ သဘောကျတဲ့ အပြုံးကို ပြသနေတာ ကို မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။

ချီဟန် က ထိုင်ခုံ ကို ဆွဲယူပြီး ရုန်ရှူရဲ့ ဘေးတွင်ထိုင်လိုက်သည်။ လက်ကိုဆန့်၍ မျက်လုံးတွေ အရှေ့တွင် ယမ်းပြီး ရယ်မောကာ

"မင်း ဘာလို့ မှင်သေသေ ဖြစ်နေတာလဲ?

ရုန်ရှူ က ခံစားချက်တွေ အားလုံးကို ဖုံးကွယ်ထားသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now