Chapter 41

8.5K 1.2K 31
                                    

ဖန်းမိသားစုရဲ့ ပွဲကို ချီဟန် လုံးဝ မေ့ထားခဲ့ကာ မကြာသေးခင်က စပြီး ရုန်ရှူရဲ့ ခြေထောက်ကို ဘယ်လိုကုသရမလဲဆိုတာ သူ အာရုံစိုက်ပြီး လေ့လာနေခဲ့သည်။

သူ့ရဲ့ WeChatတွင် တရုတ် တိုင်းရင်းဆေးပညာနဲ့ အနောက်တိုင်း ဆေးပညာရဲ့ postတွေဖြင့် ပြည့်နှက်နေပြီး အနှိပ်ပိုင်း ကျွမ်းကျင်တဲ့ ပညာရှင်တောင် ရှိသည်။

"ရေပူစမ်း... ဆာကေး... ဆာကေး..၊ ဆေးအိတ်..."

ချီဟန် မောက်စ်ကို လှုပ်လိုက်ပြီး မျက်နှာပြင်ကို ဖြည်းဖြည်းချင်း ဆွဲချကာ စာရွက် နည်းနည်းကို မှတ်ထားလိုက်သည် ။

ရုန်ရှူရဲ့ လက်တွေ၊ ခြေထောက်တွေက အေးစက်နေတတ်ကာ သူ့ရဲ့ ခြေထောက်တွေ နာကျင်တတ်မှန်း သိလိုက်ကတည်းက အနီးနားမှာ ရှိပြီး ပိုကောင်းတဲ့ ရေပူစမ်း ဆိုင်ကို ရှာနေခဲ့တာ ဖြစ်သည်။

နွေရာသီ အားလပ်ရက်ဆိုတော့ နေရာတိုင်းက လူတွေပြည့်နေပြီး နာမည်ကောင်းရှိတဲ့ ဆိုင်ဟောင်းတွေမှာ လူတွေ ပြည့်နေလိမ့်မယ်။ ချီဟန်က ဒါတွေကို ဂရုမစိုက်ပေမယ့် ရုန်ရှူ ကို ခေါ်သွားမယ် ဆိုရင်တော့...

အိုး...  မြင်ကွင်းကို တွေးကြည့်လို့တောင် မရဘူး။

ချီဟန်သည် အနီးအနားက ပြည်နယ် တစ်ခုရှိ ရေပူစမ်းမြို့ ကို မတွေ့မီ ရက်အနည်းငယ် ရှာဖွေခဲ့ရသည်။ အဲဒါက  မကြာသေးမီ နှစ်တွေကမှ အသစ် ဖွင့်လှစ်ခဲ့ပြီး ကြိုတင် စာရင်းသွင်းရတဲ့ စနစ်ကို အမြဲတမ်း ကျင့်သုံးခဲ့သည်။ အများသုံး ရေပူစမ်း မရှိတော့ဘဲ အားလုံး က သီးသန့် ဖြစ်သည်။

ဝန်ဆောင်မှုက ကောင်းမွန်ပြီး ပစ္စည်းတွေကလည်း သပ်ရပ် ကောင်းမွန်တာကြောင့် စျေးနှုန်းကလည်း အရမ်းမြင့်ကာ တစ်ညကို ယွမ် ၁၀,၀၀၀ ပေးရသည်။

စားစရာ၊ သောက်စရာတောင် မပါဘူး၊ ရေပူစမ်းမှာ တစ်ည ‌နေဖို့အတွက်ကို အဲဒီလောက် ကျတယ်။

ချီဟန်ရဲ့ ဘဝက များသောအားဖြင့် ခြွေတာ‌နေတာ မဟုတ်သော်လည်း အသုံးအစွဲ သိပ်မရှိပေ။ ရုန်ရှူနဲ့ ပတ်သက်တဲ့အရာ တစ်ခုခု အတွက် သုံးရတိုင်း ပိုက်ဆံသုံးဖို့ကို သူ ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့ပေ။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now