Chapter 69

6.9K 1K 34
                                    

  "မဟုတ်သေးပါဘူး မင်း ဘာဖြစ်လို့ နေရာမပြောင်းတာလဲ..."

ချီဟန် ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့ ခါးက ရုန်ရှူရဲ့ ပေါင်ပေါ်မှာရှိနေကာ ညဝတ် အင်္ကျီကို မြှောက်လိုက်တော့ ဖြူဖွေးနေတဲ့ အသားအရည်ကို ပေါ်လာစေသည်။

သူ့ခါးကို လက်ချောင်းထိပ်ဖြင့် ပွတ်လိုက်ရာ ချီဟန် တုန်လှုပ်သွားပြီး မျက်နှာက နီမြန်းလာသည်။

'အဲဒီနေရာ က အထိမခံနိုင်ဘူး ယားတယ် !'

ရုန်ရှူ ဘောပင် အဖုံးကို ဖွင့်လိုက်ပြီး ပါးလွှာသွယ်လျနေတဲ့ ခါးပေါ်မှ လက်ချောင်းတွေကို လှုပ်ရှားလိုက်တော့ သူ့ရဲ့ မျက်လုံးတွေ က မှင်အိုးထဲ ထည့်ထားသကဲ့သို့ မည်းနက်နေသည်။

ချီဟန်ရဲ့ ဗိုက်နား ကို လက်တစ်ဖက်ဖြင့် ထိလိုက်တော့ တစ်ဖက်လူရဲ့ မြန်နေတဲ့ အသက်ရှူသံ အတက်အကျ ကို ခံစားလိုက်ရကာ ချီဟန်ရဲ့ လည်ပင်း အနောက်ဘက်ကို နှစ်သိမ့်သလို နမ်းလိုက်သည်။ မျက်လွှာချကာ သူရဲ့ မငြိမ်မသက် ဖြစ်နေတဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်သည်။

သူ ဝေးဝေးကို သွား‌မိနေမှန်း သိပေမယ့် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ချီဟန်ကို ထပ်ခါထပ်ခါ လူးလှိမ့်ချင်နေခဲ့သည်။

ဒါပေမယ့် ချီဟန် က အရမ်း နာခံနေဆဲ ဖြစ်ပြီး သူ့ကို ပျော်ရွှင်စေခဲ့သည်။

ရုန်ရှူရဲ့ လည်ချောင်းတွေ လှုပ်သွားပြီး သူ့လက်တွေ ပူလာသည်။

ချီဟန် က ကုတင်ပေါ်တွင် လှဲနေပြီး ဘာမှ မမြင်ရပေ။ ရုန်ရှူရဲ့ လက်ချောင်းတွေ က သူ့ခါးကို ညင်သာစွာ ပွတ်သပ်နေတာကိုသာ ခံစားလိုက်ရပြီး မနေနိုင်ဘဲ ကြက်သီးတွေ ထ,လာသည်။

ယားယံ၍ ထုံကျင်နေပြီး လျှပ်စစ်စီးကြောင်း က ခြေ၊လက်နဲ့ အရိုးတွေကို ဖြတ်သွားကာ နောက်ဆုံးမှာတော့ ပြောလို့ မရတဲ့ နေရာကို ရောက်သွားသည်။

ချီဟန်က ခေါင်းကို သူ့ရဲ့ လက်မောင်း နှစ်ဖက်ကြားထဲမှာ မြှုပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

နည်းနည်း အေးပြီး စူးရှတဲ့ အရာဝတ္ထု က သူ့ရဲ့ ကျောအောက်ပိုင်း ကို ထိလာပြီးနောက် နာကျင်တာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း အောက်သို့ လျှောကျလာသည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now