Chapter 4

11.5K 1.6K 13
                                    

  ချီဟန် ​နေ့လည်စာ စား​နေ​ပေမယ့် အရသာ မရှိပေ။

အပေါ်ထပ်မှာက သီးသန့်အခန်း များစွာရှိတဲ့ အတွက် ရုန်ရှူ ဘယ်အခန်းကို သွားလဲ သူ မသိ​ချေ။

သူ့ဗိုက် ကို အလျင်စလို ဖြည့်ပြီးနောက် ချီဟန် က ဓာတ်လှေကား တံခါးဝတွင် ရပ်ကာ အချိန် အတော်ကြာအောင် စောင့်​နေခဲ့သော်လည်း နောက်ဆုံးတွင် ရုန်ရှူ ထွက်လာတဲ့ အထိ မစောင့်ခဲ့ပေ။

ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူ ထင်သည်။

စိတ်ပျက်လက်ပျက်နဲ့ အောက်ထပ် ကို ဆင်းသွားသည်။ အိမ်အပြန်လမ်းတွင် အမေချီက ရုန်မိသားစုမှ အဖိုးအို က ဒီနေ့ည အသက် ၇၀ပြည့် မွေးနေ့ပွဲ ကျင်းပမှာ ဖြစ်လို့ "မက်မွန်ပန်းဥယျာဥ်" သို့ ကားဖြင့် လာခေါ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

"ငါ့အတွက် မင်းရဲ့ နီ​ကြောင်​ကြောင် ဆံပင်ကို ဖုံးထားဖို့ တစ်ယောက်ယောက် ရှာလိုက်" မေမေချီရဲ့ အေးစက်စက် အသံ က ဖုန်းတစ်ဖက်ကနေ ဒေါသထွက်မ​နေ​ပေမယ့် မိခင်တစ်ယောက် အနေနဲ့ နွေးထွေးမှု လုံးဝ မရှိ​ပေ။

"မင်းကို တစ်ယောက်ယောက် လာခေါ်ပေးလိမ့်မယ်။ မင်းအတွက် အဝတ်အစားတွေ ပြင်ဆင်ပေးဖို့ အိမ်​တော်ထိန်းဝူ ကို ငါ ​ပြောထားတယ်၊ အဲဒါကြောင့် ချီမိသားစုကို အရှက်ကွဲ​အောင် မလုပ်မိ​​စေနဲ့"

ချီဟန်ရဲ့ ပထမဆုံး တုံ့ပြန်မှု က ငြင်းချင်တာ ဖြစ်သော်လည်း ရုန်မိသားစု့ ဘိုးဘေးရဲ့ အသက် ၇၀ ပြည့် မွေးနေ့ပွဲ ကို ဝတ္ထုထဲတွင် ရေးထားတာ သတိရသွားသည်။

 'ရုန်ရှူလည်း ပွဲတက်ခဲ့တယ်'

အဲဒါကို တွေးမိပြီး ချီဟန် က မငြင်းနိုင​တော့​ပေ။
 "အိုကေ" လို့ ပြောလိုက်​တော့ ဖုန်း ချသွားသည်။

ချီဟန် : "..."

မူရင်း ပိုင်ရှင် က ထိုကဲ့သို့သော ဇာတ်ကောင် အဖြစ် ကြီးပြင်းလာခြင်းအတွက် ယုတ္တိမရှိဘူးဟု ထင်မိသည်။

ဒီလို မိဘတွေရှိ​နေလို့ သူ့အတွက် အရမ်း သနားဖို့ကောင်းသည်။

အိမ်ပြန်ရောက်​တော့ အိမ်​တော်ထိန်းဝူ က အဝတ်အစား​တွေ ပြင်ဆင်ထားပြီး ဖြစ်သည်။ အဲဒါ က ရင်ဘတ်ပေါ်တွင် အနက်ရောင်မျဉ်း အနည်းငယ်နှင့် အဖိုးတန်ကြယ်ပွင့်လို စိန်များပါသည့် အနက်ရောင် matte suit ဖြစ်သည်။

သနားစရာ​ကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)Where stories live. Discover now